Stadiumထဲကို ရောက်ရှိနေတဲ့အကြောင်း အိမ်ကအစ်ကိုဖြစ်သူကို လှမ်းကြွားချင်တာကြောင့် Video Callခေါ်လိုက်သည်။ ကိုယ့်အစ်ကိုရယ်လို့ ချစ်ဖို့ကောင်းလောက်အောင်ပဲ ညီမလေးဘက်က ကိုကြီးလို့ခေါ်လိုက်တာနဲ့တပြိုင်နက် အိပ်နေပြီဖြစ်ကြောင်းနဲ့ နောက်ထပ်မခေါ်ဖို့ မျက်နှာဆိုးကြီးနဲ့ပြန်ပြောလာတော့သည်။
ဒီလောက်နဲ့တော့ လက်မလျော့နိုင်ပါ။ တနည်းမရရင် နောက်ထပ်တနည်းကြံစည်ရမည်။
" ကိုကို.. ကိုကြီးနဲ့ messengerမှာ စကားပြောဖြစ်လား.. အဆက်အသွယ်ရှိလား... "
" ကိုယ် storyမှာ ဘောလုံးကွင်းထဲရောက်နေတဲ့အကြောင်းတင်ရင် စကားလာပြောတယ်.. အမြဲတမ်းတော့မဟုတ်ပါဘူး... "
" အခုရော My dayမတင်ဘူးလား... "
" မင်းက ကိုယ့်ဘေးမှာလေကွာ... "
ခပ်ငိုက်ငိုက်စောင်းထားတဲ့ Capဦးထုပ်ကို အပေါ်ပင့်တင့်ကာ မျက်လုံးချင်းအကြည့်ချင်းဆုံပြီး ခပ်တည်တည်နဲ့ပြောလာသည်။
အင်း... ဘာဆိုင်လို့လည်းမေးချင်ပေမယ့် နောက်တခေါက်ပြန်စဉ်းစားကြည့်လိုက်တော့ ဆိုင်တော့လည်း ဆိုင်သလိုလိုပါပဲလေ။
" အခုလည်း storyမတင်ဘူးလား.. တင်လိုက်ပါလား... "
" ဘေဘီ့ဓာတ်ပုံတင်ရမှာလား.. ခုနတုန်းကရိုက်ထားတဲ့ပုံတွေထဲက... "
" အွန်း... "
" Publicနဲ့... "
" Ok... "
လူကြီးမိဘတွေပါသိကျွမ်းနေကြပြီဖြစ်တဲ့ဆက်ဆံရေးဆိုပေမယ့် မျက်စိနောက်အောင်တော့ မနေရဲပါ။ ဒီနေ့တရက်တော့ ချွင်းချက်ပေးလိုက်မည်။ သူများကိုစချင်နောက်ချင်စိတ်က ပိုများနေသည်မို့။
ကိုကြီးက လူထူထပ်တဲ့နေရာမျိုး သွားရမှာကြောက်ရွံ့တဲ့ phobiaမျိုးရှိသည်။ ထူးခြားဆန်းကြယ်တာက အဲဒီphobiaက သူ့အပေါ်မှာ မသက်ရောက်ပဲ သူ့ညီမနှစ်ယောက်အပေါ်မှာပဲ သက်ရောက်တာမျိုး။
ငယ်ငယ်တုန်းက မောင်နှမနှစ်ယောက် ရပ်ကွက်ဘုရားပွဲမှာ ပွဲဈေးလျှောက်ရင်း လူစုကွဲသွားဖူးတာကနေ traumaတွေရသွားတာ ဖြစ်ပါလိမ့်မည်။ အခုကတော့ လူစုမကွဲအောင်၊ လမ်းမပျောက်အောင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နိုင်ပြီဖြစ်ကြောင်း အသိပေးရပေဦးမည်။

YOU ARE READING
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest