JLPTဖောင်ထပ်ဖို့ တန်းစီနေစဉ်မှာပဲ အရမ်းကို ပူအိုက်လာပြီး စိတ်တွေပါရှုပ်လာသည်။
အထပ်အခါအခါ သတိထားနေတဲ့ကြားထဲက 7ရေးတာကို အလယ်က မျဉ်းတိုလေးခြစ်မိသွား၏။ Zလဲအတူတူပင်။
ဖောင်ဖြည့်နည်းတွေ ကြိုတင်လေ့လာထားပြီး အမှားကင်းရအောင် ပြင်ဆင်ထားတာကို ခြောက်ပစ်ကင်း သဲလဲမစင်ခဲ့တာကို မကျေနပ်ပါ။
ဘာမှမဖြစ်ဘူးပြောကြပေမယ့် ကိုယ့်ကိုကိုယ် စိတ်တိုရ၏။ ဖောင်အသစ်၀ယ်ဖို့သာ လွယ်ကူရင် အသစ်၀ယ်ပြီး ပြန်ဖြည့်ချင်သည်။ ဒါပေမယ့် ၀ယ်လို့ရရင်တောင် ဈေးကမြှောက်တက်နေဦးမည်။
အစကတော့ ဖောင်တင်ပြီးတာနဲ့ အိမ်ပြန်မယ်စိတ်ကူးထားပေမယ့် ပူအိုက်ရတာကြောင့် Ocean၀င်ဖို့ စိတ်ကူးလိုက်သည်။ အဆောက်အအုံထဲ ရောက်သွားတာနဲ့ အေးမြတဲ့ခံစားချက်ကြောင့် ကျေနပ်မိသွား၏။
အချိန်တနာရီနီးပါးကို Window Shoppingလုပ်ရင်း ကုန်ဆုံးစေလိုက်ပြီး ပြန်ကာနီးမှ နာနတ်ရေခဲချောင်း၀ယ်လိုက်သည်။
ဆိုင်ကယ်အပ်တဲ့နေရာ ရောက်သည်အထိ စားလို့မကုန်သေးတာကြောင့် ဆိုင်ကယ်ပေါ်မှာပဲ ထိုင်စားနေစဉ်မှာပဲ ဘေးနားကို စူပါကပ်ဆိုင်ကယ်နဲ့ ကောင်လေးနှစ်ယောက်ရောက်လာသည်။
ဘာလို့မှန်းမသိကြည့်နေမိ၏။ ဆိုင်ကယ်သုံးစီးလောက် ခြားပေမယ့် မျက်စိရှေ့တည့်တည်ကို ရောက်လာတာဆိုတော့ မကြည့်လို့လည်းမရ။
ဆိုင်ကယ်မောင်းတဲ့ ကောင်လေးက ညီဖြစ်သူရဲ့ ဆိုင်ကယ်ဦးထုပ်ကို ချွတ်ပေးနေသည်။ အငယ်လေးက တော်တော်လေး ငိုထားပုံလည်း ပေါ်သည်။
ကလေးက သူမလက်ထဲက ရေခဲချောင်းကို မြင်သွားပြီး ရေခဲမုန့်စားမယ် ပြောနေသံကြားလိုက်ရသည်။
အစ်ကိုဖြစ်သူက ကျွေးမယ်ပြောရင်း သူမကို အားနာသလို ပြုံးပြလာ၏။ အမ်း ပြုံးတယ်ဆိုပေမယ့် နှုတ်ခမ်းကပဲ ပြုံးတာ၊ မျက်လုံးက မပြုံးဘူး။
နောက်ထပ်တကြိမ် ဘာလို့မှန်းမသိပဲ ညီလေးပုခုံးကိုဖက်ပြီး ထွက်ခွာသွားသူရဲ့ နောက်ကျောပြင်ကို ငေးမောမိသွားသည်။

ESTÁS LEYENDO
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest