" ကိုကို.. အင်္ဂလန်ဆိုမှလေ.. ဘုဏ်းသန့်က အင်္ဂလန်အရမ်းသွားချင်တာနော်.. ဘောလုံးပွဲကြည့်ချင်လို့ဆို... "
" အင်းးး "
" သွားကြည့်ကျမှာလား.. သွားဖြစ်ရင် သုံးယောက်အတူတူသွားကြမှာမလား... "
ကိုကို့ရင်ခွင်ကို မှီထားရာကနေ ခွာလိုက်ပြီး မျက်နှာချင်းဆိုင်ကာ လက်ချောင်းတို့ယှက်နွယ် ထားရင်း ကိုကိုဝတ်ထားတဲ့ Boneless Jacketရဲ့ Bဆိုတဲ့နေရာကိုသာ ကြည့်ရင်းမေးလိုက်သည်။
တကယ်တော့ အစဖော်လိုက်ရင် ဖြစ်ပျက်သွားမယ့် ကိုကို့ရဲ့ မျက်နှာအမူအရာကို စောင့်ကြည့်ချင်ခဲ့တာ။ မှင်သေသေနဲ့ပဲ ဆက်ပြီးလျှို့ဝှက်ထားဦးမှာလား သိချင်ခဲ့တာ။
ဒီနေ့တော့ဆက်ပြီးလျှို့ဝှက်မထားတော့ဖို့မျှော်လင့်ပါသည်။ ဒီလိုနဲ့ ရက်တွေမကြာရှည်ချင်တော့ပါဘူး။
" ကိုယ်.. ကိုယ့်မှာ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ပြောစရာရှ်ိတယ်... "
" အွန်း.. ဘာနဲ့ပတ်သတ်ပြီးလည်း... "
ကြိုးစားပြီး ရယ်သံစွက်စကားပြောလိုက်ပေမယ့် မရယ်ရတာ ကိုယ်ကိုယ်တိုင်သာ အသိဆုံး။ ကိုကို့မျက်နှာကိုလည်း သေချာမကြည့်ရဲ။
" ကိုယ်.. Master's Degreeအတွက်.. ကျောင်းဆက်တက်ဖို့စီစဉ်နေတယ်... "
ရုပ်ရှင်ဇာတ်ဝင်ခန်းတခန်းသာ ဖြစ်ခဲ့မယ်ဆိုရင် လွမ်းဆွေးစရာကောင်းတဲ့ Background Musicက ထွက်ပေါ်လာမည်။ Webtoonတပုဒ်ဆိုရင်လည်း တယောက်ထဲ မှောင်မိုက်သွားပြီး မိုးတွေရွာလာတာပဲဖြစ်ဖြစ်။
လက်တွေ့ဘဝက မွန်မြတ်သန့်စင်ကတော့ ဟန်ဆောင်ကောင်းနေသေးသည်။
" ဘယ်မှာတက်မှာလည်း... "
Sh*t!
ရူးလိုက်တာ။
အခုပြောနေတဲ့စကားက ဘယ်အကြောင်းအရာနဲ့ ဆက်စပ်ပြီးပြောနေတာလဲ။" ဆောရီး.. Englandမှာပေါ့... "
" အင်း.. မင်းနဲ့မတွေ့ခင်.. ကျောင်းမပြီးခင်ကတည်းက စိတ်ကူးရှိခဲ့တာ... "
" အော်.. Japanမှာ တက်ရင်လည်း ရမယ်မလား... "
မပီပြင်တဲ့အပြုံးနဲ့ ပြုံးရယ်ပြလာပြီး မဖြစ်နိုင်တဲ့အကြောင်း ဖြည်းညင်းစွာ ခေါင်းခါရမ်းသည်။

JE LEEST
ICY : Sugar Free Ice Cream
Romantiekကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest