" ငါလည်း ဘယ်လိုကုသိုလ်ကံအကြောင်းပေးကြောင့်လည်းမသိဘူး.. တယောက်လည်းမဟုတ်.. နှစ်ယောက်လည်းမဟုတ်နဲ့... "
" ဘာဖြစ်လို့လဲ... "
" မပြောချင်ပါဘူးဟယ်... "
" အဲ့လိုဆိုအစကတည်းက စကားမစပဲနေမှပေါ့ မေမေရ... "
မေမေနဲ့စကားပြောနေရင်းမှပဲ ခြေလှမ်းတို့ကလည်း အိမ်အပြန်လမ်းကိုသာ ခပ်သွက်သွက်ဦးတည်နေသည်။
မပြောချင်ပါဘူးဆိုမှတော့ မေးကြည့်ဖို့လည်း အစီအစဉ်မရှိ။ သူ့စိတ်သူအေးချမ်းဖို့ သူကိုယ်တိုင်ကပဲကြိုးစားရမည်။ မလိုအပ်တဲ့ အကြောင်းအရာကိစ္စတွေကို ဦးနှောက်ထဲထည့်မထားရခြင်းကပဲ သူရှင်သန်နိုင်မည့်နည်းလမ်းဖြစ်ပေမည်။
" ကျနော်သိထားရမယ့်ကိစ္စရှိလား.. သိထားဖို့လိုအပ်တယ်ဆိုပြောပြလေ... "
" အမလေး.. အမေက သိသင့်တယ်ဆိုပြီး ပြောပြလည်း.. ဟိုဘက်နားကဝင်ပြီး ဒီဘက်နားက ပြန်ထွက်မှာကိုများ... "
" ဟောဗျာ.. မေမေကလည်း သိသင့်တယ်ဆိုရင်ပြောပါဆို... "
" မင်္ဂလာဆောင်ကိစ္စ တိုင်ပင်ဖို့သွားတာ.. သမီးကငယ်သေးတယ်တဲ့.. အကုန်တော့မပြောပြတော့ပါဘူး.. ဘာလို့များ.. ငါ့သားသမီးတွေက သူတို့သားသမီးတွေနဲ့.. မတူမတန်ပါဘူးဆိုတဲ့ ဆိုလိုရင်းစကားတွေ.. နားနဲ့ဆက်ဆက််ကြားနေရတာလဲ... "
ခြေလှမ်းတို့ နှေးကွေးသွားရသည်။ ဒီအကြောင်းကို ဘေဘီ မသိပဲနေမှာမဟုတ်။ သူ့ကိုမပြောပြပဲ တယောက်တည်း ဖြေရှင်းဖို့ကြိုးစားနေတာလား။
" မေမေ.. မေမေ့ကြောင့်လို့မတွေးပါနဲ့.. ကျနော်တို့အပြစ်ကြောင့်လို့လည်း မတွေးနဲ့.. မွန်မြတ်က အိမ်မှာအငယ်ဆုံးလည်းအငယ်ဆုံးမို့ပါ.. မေမေ့ကိုအားနာပေမယ့် ပြောရင်ပြောတယ်ပဲ.. ထားလိုက်ပါဗျာ... "
VOUS LISEZ
ICY : Sugar Free Ice Cream
Roman d'amourကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest