Wrecker - 5

656 41 2
                                    

" စွမ်းရည်လင်းက ---- Collageမှာတဲ့... "

" ဟင်.. ဆေးကျောင်းမတက်ဘူးလား... "

" အမှတ်မမှီဘူးထင်တယ်... "

" ငါးဘာသာလေ.. မြန်မာစာပဲမပါတာကိုဟယ် နှမြောလိုက်တာ... "

ကျောင်းဖွင့်စကတည်းက ‌မကြားချင်မှအဆုံး ဒီနာမည်ကိုသာ ထပ်ခါတလဲလဲ ကြားနေရသည်။

ပြောနေတဲ့သူနဲ့ ခင်မင်လားဆိုတော့လည်း တခန်းထဲ သူမရဲ့အနောက်တန်းကခုံမှာ ထိုင်တဲ့သူမို့ မျက်မှန်းတန်းမိယုံသာ။

First Impressionအရတော့ သိပ်လည်းခင်မင်ချင်စရာမကောင်း။ အ‌တော်လေးကြီးကျယ်ပုံရသည်။

နားရွက်ပါတော့လည်း အကုန်ကြားနေရ၏။ အစတုန်းကတော့ အရမ်းတွေ သဲကဲနေတာကြောင့် သူ့ဘဲအကြောင်းပြောနေတာလား ထင်မှတ်မိပေမယ့် စကားအရတော့ ဘဲလည်းမဟုတ်ပြန်ပါ။ 

သူတို့ရဲ့စကားဝိုင်းကြောင့် အရှေ့ကသူမကိုယ်တိုင်ပင် စွမ်းရည်လင်းဆိုသူတယောက် ဆေးကျောင်းတက်‌ခွင့်မရတာကို မဆီမဆိုင်နဲ့ စိတ်မကောင်းဖြစ်မိသွားသည်။

သူမကတော့ ဆယ်တန်းစာမေးပွဲကို မာရာတို့ ကလာရာတို့ကြည့်ရင်း ဖြေလာခဲ့တဲ့သူ။ နှာခေါင်းသွေးလျှံလောက်အထိ စာကြည့်ခဲ့ဘူးတယ်ဆိုတာ မရှိ၊ စာနဲ့ပတ်သတ်ပြီး ဇွဲကြီးခဲ့ဘူးတာ မရှိခဲ့။

အိမ်ကတော့ ဆရာ၀န်တို့ အင်ဂျင်နီယာတို့ ဖြစ်စေချင်ပုံပေါ်ပါသည်။

နောင်တရလားမေးရင် နောင်တတော့ ရပါသည်။ ‌မိဘ‌တွေအတွက် ဂုဏ်ယူရအောင် လုပ်မပေးနိုင်ခဲ့တာကို စိတ်မကောင်းဖြစ်မိသည်။

" Facebookသုံးတယ်မလား... "

" စွမ်းရည် အစ််မရဲ့accountပဲ တွေ့တယ်... "

" သူ့သူငယ်ချင်းတွေ accountရှာကြည့်ဦးမယ်... "

နားညည်းရတာမို့ ကော်ရစ်တာဆီသာ ထွက်လာလိုက်၏။ ထောင့်နားမှာ ထိုင်ပြီး ဂိမ်းဆော့မယ် စိတ်ကူးလိုက်သည်။

သို့ပေမယ့် လက်ကအလိုလိုပဲ Facebook Appဆီရောက်သွားပြီး Crushရဲ့ Accountထဲသာ ရောက်သွားရတော့သည်။

ကျေးဇူးရှင်က တခြားကျောင်းမှာ။
ပြီးတော့ သူ့ရဲ့ဒီအရွယ်ထဲက ဇာတ်လမ်းပေါင်းများစွာကို အကုန်သိထားပြီးသား။ ရူးမိုက်ချင်တဲ့စိတ်နဲ့ပင် ရှေ့ဆက်တိုးဖို့ အများကြီးစဉ်းစားရဦးမယ့်ကောင်။

ICY : Sugar Free Ice Cream Where stories live. Discover now