Recommend Song
Golden Hour - JVKEလူတယောက်နဲ့တယောက် တာထွက်ချိန်မတူကြဘူးဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ကို နားလည်ယုံတင်မဟုတ်ပဲ သေသေချာချာ ရှင်းလင်းပြတ်သားစွာနဲ့ ခံစားသိမြင်နေရသည်။
ကိုကိုက လန်ဒန်မှာ အခြေကျနေပြီလို့ ပြောလို့ရတဲ့အခြေအနေမှာ၊ သူမက လန်ဒန်ကို စမ်းတဝါးဝါးနဲ့ ရောက်လာရတာ။
သူများတွေအတွက် လွယ်ကူနေမလားမပြောတက်ပေမယ့် သူမအတွက်တော့ ပတ်ဝန်းကျင်အသစ်ရဲ့ စိမ်းသက်မှုဒဏ်ကို ကိုင်တွယ်နိုင်ဖို့ဆိုတာ သိပ်လွယ်ကူတဲ့ကိစ္စမဟုတ်ပေ။
ဒါကြောင့်ပဲ ကိုကို သူ့သူငယ်ချင်းတွေကို တဖွဖွနဲ့ ကျေးဇူးတင်စကားပြောနေတဲ့အကြောင်း သေချာသဘောပေါက်နားလည်လာရသည်။
နောက်ထပ်နားလည်လာတာတခုက ကိုကို့ဆီက အကူအညီသာမရရင် မွန်မြတ်သန့်စင်ဟာ ဘာတခုမှဖြစ်မြောက်အောင်လုပ်နိုင်စွမ်းမရှိတဲ့အကြောင်း။
ကိုကိုကတော့ အဲဒီစကားကို လက်မခံပါ။ ဖြစ်မြောက်အောင်မလုပ်နိုင်တာ မဟုတ်ပဲ၊ ဖြစ်အောင်အောင်လုပ်ချင်တဲ့ စိတ်ဆန္ဒပေါ်ပေါက်လာအောင် လှုံ့ဆော်ပေးတဲ့ လူသားတယောက်ကို လိုအပ်နေလို့ပါတဲ့။
အဲ့တာကြောင့် ရှင်သန်ရာဘဝထဲမှာ အချစ်ကိုလိုအပ်ကြတာပေါ့ကွယ်။
အိပ်ရာနိုးတာနဲ့ အချစ်နဲ့အတူရှိနေတယ်ဆိုတဲ့ အသိစိတ်ကြောင့် ကျေနပ်စွာနဲ့ပြုံးမိသွားသည်။ အခန်းတွင်းအပူချိန်ကလည်း မပူလွန်းမအေးလွန်းပဲ သက်တောင့်သက်သာရှိ၏။
တနှစ်အတွင်း အများကြီးတိုးတက်ပြောင်းလဲလာပြီး နားလည်မှုရှိတဲ့ဆက်ဆံရေးတခုကို တည်ဆောက်ထားကြောင်းတွေးမိတော့ အပူလှိုင်းတို့ဖြတ်သန်းသွားရသည်။
ကိုကိုဟာ Bro flowဆိုတဲ့ Hairstyleနဲ့မို့ ဆံပင်ရှည်တို့က နဖူးပြင်ထက်မှာ ကျဆင်းနေသည်။ ငေးကြည့်နေစဉ်မှာပဲ သူမဘက်ကိုလှည့်ပြီး ဘေးတစောင်းအိပ်ပျော်နေရာကနေ မှောက်ရက်အနေအထားကို ရောက်သွားသည်။
ဒီလိုဆို အိပ်ရာကနိုးနေပါပြီ။ ဒါပေမယ့် အိပ်ရာကထဦးမှာမဟုတ်သေး။ သူမလည်း မထချင်သေးတာကြောင့် ဖုန်းခဏသုံးနေလိုက်သည်။
ESTÁS LEYENDO
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest