// ကော်ဖီဆိုင်လာခဲ့ //
အံ့ဩစရာပဲ။ သူက ဘယ်တုန်းက ဒီလိုမျိုး အာဏာရှင်ဆန်ဆန် အသုံးအနှုန်းတွေ သုံးတက်သွားတာလည်း။ ဒါမှမဟုတ်... အခုမှ မျက်နှာဖုံးကွာကျသွားတာလား။
သဘောပဲ ပြောခဲ့ပြီး နာရီပေါင်းတရာနာရီကျော်တော့မှ ဒီလိုမျိုးပြောလာတာ ဘာသဘောလည်း။ ဘာအကွက်တွေလာရွေ့နေတာလည်း။
လာခဲ့ ဟုတ်လား။ စိတ်တိုရလွန်းလို့ သူသာ အနားမှာရှိနေရင် တခုခုလုပ်မိမှာ သေချာနေသည်။
ဖုန်းကို Airplane Modeလုပ်လိုက်ပြီး အိပ်ရာပေါ်ပစ်တင်လိုက်၏။ စာလုံးလေး ငါးလုံးမြင်လိုက်ရတာနဲ့တင် Auto Aggressiveဖြစ်သွားတဲ့ ကိုယ့်စိတ်ကို ဆန်းစစ်ဖို့လိုပြီ။
လုပ်နေကြအတိုင်း အခန်းအတွင်း လမ်းလျှောက်ရင်း ဒေါသဖြစ်သွားတဲ့စိတ်ကို ဖြေလျော့ရသည်။
စိတ်ပြေသွားချိန်မှာပဲ အခန်းတံခါးခေါက်သံကြားရ၏။ တံခါးဖွင့်လိုက်တာနဲ့ အပြစ်တင်သံလေးကနေ လေလှိုင်းကနေ လွှင့်မြောလာပါပြီ။
" ဖုန်းစက်ပိတ်ပြီး ဘာလုပ်နေတာလည်း.. အိပ်နေတာလား.. အလုပ်မရှိရင် အိပ်ဖို့ပဲစဉ်းစားနေတာပဲ... "
အလုပ်မရှိလို့အိပ်တာပေါ့။
ဒါလေးတောင် အကြီးဖြစ်ပြီးမသိဘူးလား။ တကယ်ပါပဲ၊ စိတ်တိုလာရပြန်ပြီ။" ငါ့ကို paletteလေး ခဏပေးဦး... "
" မရှိတော့ဘူး.. ကျကွဲသွားတာ... "
" ဟယ် နှမြောစရာကြီး.. နင်ကတော့လေ.. အဲ့တာဆို Foundationခဏပေး.. ငါ့ဟာက ငါနဲ့မလိုက်ပဲ ဖြူနေလို့... "
" ရှိရင် ယူသွား.. မေမေ့ဆီသွားလိုက်ဦးမယ်... "
Paletteက တစုံတယောက်ဆီက လွယ်လွယ်ကူကူနဲ့ သဘောပဲ ပြောခံလိုက်ရလို့ အစိတ်အမွှာမွှာကျကွဲသွားတဲ့ နှလုံးသားနဲ့မတူညီပဲ အကောင်းအတိုင်းရှိနေသည်။
Paletteကို ၀ယ်ပေးသူဟာ နှလုံးသားကို ကွဲအက်အောင် လုပ်ခဲ့တဲ့တရားခံမို့ ပေးထားသမျှပစ္စည်းအကုန် သော့ခတ်သိမ်းဆည်းထားလိုက်တာ။
ဧည့်ခန်းမှာထိုင်နေတဲ့ မေမေက လူကိုတွေ့တာနဲ့ အံ့ဩဟန်ပြသည်။

YOU ARE READING
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest