နေသိပ်မကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ Video Callကို ငြင်းဆန်ပေမယ့် ကိုကိုက လက်မခံ။ မျက်နှာကို သေချာစေ့စေ့စပ်စပ်ကြည့်လာပြီး ဘယ်လိုနေမကောင်းတာလည်း မေးလာ၏။
နေမကောင်းဘူးဆိုတာက စိတ်ဖိစီးမှုများပြီး Periodမမှန်ခြင်း။ အသေးအဖွဲ့ထင်ထားပေမယ့် အားနည်းနေချိန်မှာမှ အဖျားဝင်ပြီး သေလုမျောပါး ဝေဒနာခံစားလိုက်ရသည်။
စိတ်ဖိစီးမှုများတယ်ဆိုတာကလည်း အလုပ်မှာ အဆင်မပြေဖြစ်တာပင်။ ဘယ်လိုအဆင်မပြေတာလည်းဆိုတော့ စိတ်ထဲမှာ ပြောဆိုနေပေမယ့် လက်တွေ့မှာတော့ ပြုံးပြုံးလေးနဲ့ ဟုတ်ကဲ့ပဲ ပြောလိုက်ရခြင်းတွေကြောင့်ပေါ့။
ရောဂါအကြောင်း ကိုကို့ကိုတော့ အသေးစိတ်မပြောပြပေမယ့် မပြောပြလည်း သူက သိနေ၏။
သူ့ကိုယ်သူလည်း ဆရာဝန် မဖြစ်ချင်လို့ စာစီစာကုံးကို တမင်တကာ နှစ်မျက်နှာပဲ ရေးခဲ့တာလည်း ပြောရင်း စနောက်တက်သေးသည်။
အိပ်ရာပေါ်မှာ မှောက်အိပ်ရင်း ကိုကိုနဲ့ Video Callပြောနေတာဖြစ်ပြီး ကိုကိုက ခုတင်ပေါ်မှာ ရှုပ်ပွပြန့်ကျဲနေတဲ့ ပစ္စည်းတွေကို ရှင်းလင်းရေးလုပ်နေရင်း စကားပြောနေသည်။
ရှင်းလင်းပြီးရင် ခရီးထွက်ဖို့အတွက် အဝတ်အစားထည့်ရမည်ဖြစ်သည်။
" ဒီဇင်ဘာရောက်တော့မယ်မလား.. ဘာနေနေကွာ.. စာမေးပွဲဖြေဖို့ ဘယ်လောက်မှ မလိုတော့ဘူး.. ဒါကို အခုထိ ကဗျာခုနှစ်ပုဒ်ကိုမရသေးဘူးတဲ့.. အဲ့ကောင်နဲ့ စိတ်ဖိစီးရလွန်းလို့ ရောဂါရတော့မှာပဲ... "
" မရပါနဲ့.. အတူတူပဲ.. ကဗျာခုနှစ်ပုဒ်မှာ.. Bridgesတပုဒ်ပဲ ကောင်းကောင်းရတာ... "
" Really??? "
" အွန်း... "
အမြင့်တနေရာမှာ တင်ထားတဲ့ ဖုန်းကို ကောက်ယူလိုက်ပြီး မယုံနိုင်သလို မျက်ဝန်းတို့နဲ့ ကြည့်လာသည်။ အနီးကပ်မြင်လိုက်ရတဲ့ မျက်နှာကြောင့် နှလုံးခုန်သံကလည်း သိသိသာသာကို မြန်ဆန်လာရသည်။
" မနောက်နဲ့... "
" မနောက်ပါဘူး.. ကလေးကို မိုတီရအောင် ပြောပေးတာ.. နောက်ကျတယ်ဆိုတာ မရှိပါဘူး ကိုကိုရ.. ကျက်ရင်မှီသေးတာကို... "

STAI LEGGENDO
ICY : Sugar Free Ice Cream
Storie d'amoreကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest