Cargo Pants - 7

611 39 5
                                    

" မနက်ဖြန် ဖယ်ရီနဲ့မလာနဲ့.. ဆိုင်ကယ်ယူခဲ့... "

" နင် ဆီထည့်ပေးမှာလား... "

" အေး နင့်ဆိုင်ကယ် ဆီအပြည့်ထည့်ပေးမယ်.. မကျေနပ်ရင် ဂါလံပုံးပါယူခဲ့... "

မှန်ထဲကနေ မြင်နေရတဲ့ စန္ဒာရဲ့ မျက်နှာက ပုပ်သိုးလို့နေသည်။ ကျန်တဲ့နှစ်ယောက်ကတော့ တဟီးဟီးရယ်နေကြ၏။

62 Central Pointကို တခေါက်မှ မရောက်ဘူးသေး။ မနက်ဖြန် Ptပြီးတာနဲ့ ရောက်ဖူးအောင် သွားကြမည်။

ဆိုင်ကယ်နှစ်စီး၊ လူက ငါးယောက်။ စန္ဒာ့အိမ်က ယောက်ျားလေးအပေါင်းအသင်းနဲ့ ပတ်သတ်ပြီး နည်းနည်းဆန်းဆန်းတင့်သည်။

ဒါကြောင့် မြတ်နိုးက ရတီနဲ့ရတီ့ဘဲ မိုးမြင့်ဇော်ဆိုင်ကယ့်နောက်က လိုက်ရမည်ဖြစ်ပြီး စန္ဒာက သူမဆိုင်ကယ်နောက်က လိုက်မည်။

" ဟဲ့.. တကယ်ယူလာရင် ယူလာမှာနော်.. အာမချောင်နဲ့.. မွန်မြတ်သန့်စင်က အကျင့်ကကောင်းတာ မဟုတ်ဘူး... "

" အေးဟယ် ဗေဒင်ဆရာကတော့ နာမည်လှလှလေး ပေးထားပါရဲ့... "

" ဆီထည့်မပေးချင်ရင် ဟိုတယောက်ဆိုင်ကယ်နောက်က လိုက်လေ.. ရတီ.. မိုးမြင့်ဇော်ကို ပြောလိုက်.. အဲ့တယောက်ပါ ခေါ်ခဲ့လို့... "

မကြားချင်ယောင်ဆောင်ပြီး Toiletထဲကနေ ထွက်ပြေးသွားတာမို့ ရယ်မိတော့သည်။

စန္ဒာ့အိမ်က ဆန်းဆန်းတင့်ယုံသာ၊ စန္ဒာကိုယ်တိုင်ကတော့ အလက်ဂျစ်ပါ ထပုံရသည်။

" နင်တို့နှစ်ယောက် အရွေးလွန်ပြီး တယောက်ထဲဖြစ်တော့မှာ... "

" နင်တို့က ငါပြောပြန်ရင်လည်း ကြီးကျယ်တယ်ပြောဦးမယ်.. ငါ့ရဲ့အနာဂတ်မှာလေ ယောက်ျားရရမယ်၊ ယောက်ျားယူမယ်ဆိုတာမျိုး ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး သိလား.. မေမေကလည်း ငါ့သမီးလေး အချိန်တန်အရွယ်ရောက်လာရင် သူ့အိမ်ထောင်နဲ့သူမှ စိတ်ချရမှာဆိုပြီး ပေးစားဖို့ စိတ်ကူးလည်းမရှိဘူး သိလား... "

" ဘယ်သူက နင့်မေးလို့လဲ... "

လေသံနဲ့မျက်နှာပေးတွေက အချိုးမပြေတာမို့ အိတ်နဲ့သာ နောက်ကျောတွေကို တဘုန်းဘုန်းရိုက်ပစ်လိုက်ပြီး အတန်းဆီသာ ခပ်သွက်သွက်သွားလိုက်တော့သည်။

ICY : Sugar Free Ice Cream Where stories live. Discover now