Extra - 15

367 19 2
                                    

မွန်မြတ်သန့်စင်နှင့် သူ(မ)၏ message boxကို ဝင်မကြည့်သော တထောင့်တညပုံပြင်များ အတွဲ(၂)ကြောင့် ဆောင်းရာသီမှာပင် ချွေးစေးပြန်နေရ၏။

အတွဲ(၁)ကတော့ ဟိုးတလောပိုင်းက ထူးသန့်စင်တယောက် Englandကို ရောက်လာမယ်မှန်း မသိခြင်းဖြစ်ပြီး အခုအပိုင်းသစ်ကတော့ ရတီမိုးရဲ့ messageကို အချိန်နှင့်တပြေးညီ ဖတ်မကြည့်မိခြင်းကြောင့်ဖြစ်သည်။

Daily Routineဟာ မနက်ပိုင်းမှာ ကိုကိုအလုပ်သွားတာနဲ့၊ housewifeတယောက်ရဲ့ လုပ်ငန်းဆောင်တာတွေဆောင်ရွက်ပြီး၊ နေ့လည်ပိုင်းမှာ Zoom Classရှိလေသည်။

စာမသင်ချင်သော်လည်း မိမိမှာ ဆရာမဖြစ်နေသောအခါ ပိတ်ရက်မှာ ဘယ်ကိုအလည်သွားမယ် စိတ်ကူးရင်းပဲ မိုတီယူရသည်။

UKတခွင် မရောက်ဘူး‌သေးသည့်နေရာအတော်လေး များပြားသည်။ လန်ဒန်မှာတင် ပိတ်မိနေပြီး တခြားမြို့တွေလည်း သိပ်မရောက်ဖြစ်။

တရက်တရက် ညနေခင်းကိုပဲ မျှော်လင့်ရင်း အသက်ရှင်ရတာမျိုး မဖြစ်ချင်တာကြောင့် ဒီနေ့တရက်တော့ အတန်းလည်းဖျက်ပြီး Bellaနဲ့အတူတူ ဟိုဟိုသည်သည်လျှောက်သွားဖို့ စီစဉ်ဖြစ်သည်။

Bellaက တခြားဘယ်သွားချင်လဲ၊ သူလိုက်ခဲ့ပေးမယ် ပြောသော်ညား သူမကတော့ မငြီးငွေ့နိုင်တဲ့ Tower Bridgeနဲ့ အနီးအနားပတ်ဝန်းကျင်ကိုသာ ရွေးချယ်လိုက်၏။

ကိုကိုကတော့ နောက်တပတ်ပိတ်ရက်မှာ Stadium Dateအစား Disneyland Dateကြမယ်ပြောလာသည်။ Parisကို နှစ်ယောက်အတူတူမသွားဘူးသေးတာကြောင့် ကိုကို့အစီအစဉ်ကို အထွန့်မတက်တော့ပါ။

Bellaကို လိုက်ခဲ့ဖို့ပြောပေမယ့် Jamesနဲ့ Portugalသွားဖို့ စီစဉ်ထားပြီးဆိုတာနဲ့ပဲ စိတ်အာရုံဟာ သူတို့နဲ့ပဲ လိုက်သွားရင် ကောင်းမလား ဖြစ်ရပြန်တော့သည်။

" လိုက်ခဲ့လေ.. စွမ်း မလိုက်နိုင်ရင် နင်ပဲလိုက်ခဲ့လည်း ရတာပဲ.. မရောက်ဖူးသေးဘူးမလား... "

" တော်ပါပြီ.. ငါတယောက်တည်းကတော့ မဖြစ်နိုင်ပါဘူး.. အားလပ်ရက်လေး ငါ့ယောက်ျားနဲ့ပဲဒိတ်တော့မယ်... "

Bellaက နောက်တကြိမ်ထပ်မပြောတော့ပဲ ဓာတ်ပုံရိုက်ရအောင်သာဆိုလာတော့သည်။

ICY : Sugar Free Ice Cream Where stories live. Discover now