Nostalgia - 35

560 42 4
                                    

" နင်တို့နှစ်ယောက် ဘယ်အချိန်ထိစိတ်ကောက်နေကြဦးမှာလည်း.. ငယ်တော့တဲ့အရွယ်တွေလည်းမဟုတ်ဘူး... "

" ပြတ်ပြီမဟုတ်ဘူးလား... "

" ပြတ်ရင် မွန်မြတ်က ဘာလို့စွမ်းရည်လင်းရဲ့မွေးနေ့ပွဲကို လာတာလည်း... "

ရတီရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို မိုးမြင့်ဇော် ဘယ်လိုများသည်းခံနိုင်သလည်း စဉ်းစားလို့ကိုမရနိုင်ဘူး။

စွမ်းရည်လင်းက သူ့မွေးနေ့ပွဲကို ဘယ်ဆိုင်မှာကျင်းပမယ်ဆိုတဲ့ သတင်းစကားကို မိုးမြင့်ဇော်ဆီကနေ သယ်ဆောင်လာတဲ့သူက ရတီမိုး။

အဲ့နေ့ကျ ကေကေတို့ဘာတို့ပါ လာမှာလားမသိဘူး၊ ငါတို့ အဲ့နေ့ကိုမေမြို့တက်မယ်၊ လျှောက်လည်ကြမယ်ဆိုပြီး မဆီမဆိုင်၊ မလှည့်တပတ်နဲ့ စွမ်းရည်လင်းရှိရာနေရာကို ခေါ်ဆောင်လာတာကလည်း ရတီမိုးပဲ။

ဒါကို ဘာစကားတွေလာပြောမှန်းမသိ။ သူငယ်ချင်းဆိုပေမယ့် တော်တော်လေးကိုကျက်သရေမရှိတာ။

" ငါ့ကိုအစိမ်းလိုက်ဝါးစားချင်နေတဲ့အကြည့်နဲ့ လာမကြည့်နဲ့..ငါ့မှာကိုကိုရှိတယ်... "

" ရွံ့စရာ... "

လူရှေ့မှာပင် မဆင်ခြင်နိုင်ပဲ ဖြစ်ပျက်နေကြတဲ့နှစ်ယောက်ကို အော်ဂလီဆန်လာရတော့သည်။

အခုက Hotelရဲ့ Dinning Roomမှာ ရှိနေကြတာဖြစ်ပြီး စွမ်းရည်လင်းကတော့ ဟိုတခေါက်က ရောက်ခဲ့ဖူးတဲ့ ခြံထဲမှာ ရှိနေသည်ဟု သိရသည်။

မတွေ့အောင်ရှောင်‌ပုန်းစရာမလိုပေမယ့် မျက်နှာချင်းဆိုင်ဖို့ကတော့ သိပ်အဆင်မပြေပါ။ သူက ဟိုတနေ့ညက အိမ်ရောက်လာတာတောင် စိတ်ရှုပ်နေတဲ့ပုံစံနဲ့ပြန်သွားတာပဲ။

Hotelအဆောက်အအုံနဲ့ ဟိုတခေါက်တည်းခဲ့ဘူးတဲ့ Cottageနဲ့က သိပ်အဝေးကြီးမဟုတ်။ Cottageရဲ့ မျက်နှာချင်းဆိုင်မှာ ပန်းခင်းရှိသည်။

‌ရတီတို့ကို အပြင်ခဏသွားဦးမယ် ပြောခဲ့လိုက်ပြီး ပန်းခင်းဆီဦးတည်လိုက်သည်။

ပတ်ဝန်းကျင်အနေအထားက သိပ်ပြောင်းလဲသွားခြင်းမရှိပဲ လူတွေကတော့ ပြောင်းလဲသွားပြီ။

ICY : Sugar Free Ice Cream Donde viven las historias. Descúbrelo ahora