Always - 37

630 40 21
                                    

Recommend Song
Always - Isak Danielson

.
.
.
.
.
.

မိတ်ကပ်ပြင်ဆင်ချယ်သပြီးလို့ အဝတ်အစားလဲပြီးချိန်မှာပဲ ကိုကို့ဆီက ကွက်တိဖုန်းဝင်လာသည်။ ပြတင်းပေါက်က လှမ်းကြည့်လိုက်တော့ အိမ်ရှေ့မှာရပ်ထားတဲ့ ကိုကို့ကားကို မြင်လိုက်ရတာကြောင့် ဖုန်းမကိုင်ပဲ နေလိုက်သည်။

အောက်ဆင်းလာချိန်မှာတော့ ဧည့်ခန်းမှာမေမေနဲ့ကိုကိုနဲ့ စကားပြောနေကြ၏။ ကိုကိုရဲ့ အရမ်းကို Seriousဖြစ်နေတဲ့မျက်နှာအမူအရာကြောင့် ရယ်မိတော့သည်။

" မေမေ.. သူ အရမ်းကြောက်နေပြီ... "

" မကြောက်ပါဘူး... "

" မေမေ့ကိုမကြောက်ဘူးပေါ့... "

" မဟုတ်ဘူးလေ... "

‌စကားပြောသံကအစ ခပ်တိုးတိုးနဲ့မို့ ပိုပြီးစချင်လာရသည်။ အခုတော့ မဟုတ်၊ ကားပေါ်ရောက်မှ။

" ညနေစောင်းတဲ့အထိမနေနဲ့... "

" ဟုတ်ကဲ့... "

" ခွင့်ပြုပါဦး အန်တီ... "

မေမေက လက်မောင်းကို ခပ်ဖွဖွရိုက်ပြီး အူမြူးမနေနဲ့ ပြောလာ၏။ မေမေ့ပါးပြင်ကို ဖိကပ်နမ်းလိုက်ပြီး နောက်ထပ်တကြိမ် ဟုတ်ကဲ့ပြောလိုက်ပြီးနောက် ကိုကို့ကားပေါ် ရောက်ခဲ့ရတော့သည်။

ကားထဲမှာ နှင်းဆီပန်းရနံ့တွေ ထုံသင်းနေပြီး သီချင်းသံတိုးတိုးကလည်း ပျံ့လွင့်နေ၏။ ကားအနောက်ခန်းက ပန်းစည်းကိုတွေ့ပေမယ့် ကိုကိုက မပေးတာကြောင့် မသိချင်ယောင်ဆောင်လိုက်သည်။

" မေမေနဲ့ဘာတွေပြောနေတာလည်း... "

" ဒီလိုပါပဲ... "

" အဲဒီ ဒီလိုပါပဲက ဘာလဲ... "

" အော်.. မိဘတွေနေကောင်းလား.. ကျောင်းတက်ဖို့အဆင်ပြေရဲ့လား.. မေးတာပါ... "

" တခြားရော... "

" အဲ့တာပါပဲ.. ကြည့်ရတာ Babyဆီကနေ ကိုယ့်အကြောင်းအကုန်သိပြီးသားထင်တယ်... "

ပြောပုံက။
ဟုတ်တယ်။
မပြောရမနေနိုင်လို့ လိုက်ကြွားနေတာလေ။

ICY : Sugar Free Ice Cream Wo Geschichten leben. Entdecke jetzt