မေမေက UKကိုမသွားခင် အိမ်မှာမနက်ပိုင်း ကထိန်သင်္ကန်းကပ်ပြီး သူငယ်ချင်းတွေကိုလည်း မုန့်ကျွေးလိုက်ပါ ပြောလာသည်။ စိတ်အလိုအရဆို အဲ့လိုတွေမလုပ်ချင်။ သွားစရာရှိတာ တိုးတိုးတိတ်တိတ် သွားလိုက်မှာပဲ။ မေမေ့စကားကို မပယ်ရှားချင်လို့သာ။
" စွမ်းရည်လင်းရော... "
" မလာနဲ့ပြောထားတယ်... "
" ဘာဖြစ်ကြပြန်တာလဲ.. အချစ်ငှက်လေးနှစ်ကောင်ထင်ထားတာ.. အချိန်မအားတဲ့ကြားက ခဏတိုင်းသတ်နေကြတာပဲ... "
သတ်နေမှာပေါ့။
သူကမှ အချိုးမှမပြေတာ။သူပြန်လာချင်ပြန်လာမယ်၊ ဘာတခုမှအသိမပေးဘူးဆိုတဲ့ပုံစံနဲ့ လေးစားမှုမရှိပဲ သူလုပ်ချင်တာသူလုပ်နေမှတော့ ဘယ်မှာအဆင်ပြေနေတော့မှာလဲ။
နေပါဦး။ အဲ့တော့ သူက မလာနဲ့ပြောတာနဲ့ တကယ်ကြီးမလာဘူးပေါ့။ စိတ်တိုစရာကောင်းလိုက်တာ။
" မဟုတ်တာတွေ ကောက်မနေနဲ့.. မနက်ဖြန်သဘက်ခါပဲ လေယာဉ်ပေါ်တက်ရတော့မှာကို... "
" ဘာမှလာမပြောနဲ့... "
" လွှတ်ထားလိုက် ရတီ.. ဘာမှပြောမနေနဲ့.. သူသာလျှင် နားလည်အပေးနိုင်ဆုံးမို့.. သူများက ဖြန်ဖြေပေးတာကြိုက်မှာမဟုတ်ဘူး... "
" နင့်ပါးစပ်ပိတ်.. စားစရာရှိတာစား... "
" အေး ပြောထား.. နင့်အစ်ကိုနဲ့ကို တိုင်မှာ... "
" ကြောက်မနေဘူး... "
တကယ်မကြောက်ပါ။ စွမ်းရည်လင်းနဲ့တူတဲ့အချက်ပေါ့၊ အဲ့လိုခြိမ်းခြောက်ခံရရင် ကြောက်လန့်စိတ်မရှိပဲ၊ ခံပြင်းမိတာက။
" ငါ့အစ်ကိုရော... "
" ငါ့နှလုံးသားထဲမှာလေ... "
မြတ်နိုးရဲ့ပြောင်စပ်စပ်စကားသံကြောင့် မေမေမှာ ဟင်ခနဲဖြစ်သွားသည်။ စားပွဲဝိုင်းမှာ ရှိနေတဲ့လူအကုန်လည်း ဆွံ့အသွားသလို ကာယကံရှင်ကိုယ်တိုင်လည်း အသက်တောင်ရှုမိရဲ့လားမသိ။
အကင်အိုးထဲက အသားဖတ်တို့ရဲ့ ညော်နံ့ကြောင့်သာ တမိနစ်မျှ ငြိမ်ကျသွားတဲ့ ပတ်ဝန်းကျင်ကို ပြန်လည်အသက်သွင်းနိုင်သည်။
JE LEEST
ICY : Sugar Free Ice Cream
Romantiekကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest