Unicode
" ဒီ၀တ်ရုံကြီး ချွတ်ချင်နေပြီ... "
" နေပါဦး ဓာတ်ပုံရိုက်ဦးမယ်... "
" တော်ပြီဟာ... "
" နင်ကလည်း ဒီနေ့လိုရက်မှာကို ဘာဖြစ်နေတာလဲ... "
မနက်သုံးနာရီထဲက အိပ်ရာထ၊ ရေနွေးနွေးလေးနဲ့ ရေချိုးသန့်စင်ပြီး မိတ်ကပ်ပြင်ဆင်ဖို့ မမကို သွားနှိုးရသည်။
ပြင်ဆင်လို့ပြီးစီးတာနဲ့ ခုနှစ်နာရီခွဲခါနီးမှာ ဓာတ်ပုံရိုက်ဖို့ Studioကို အပြေးအလွှားသွားရပြန်သေးသည်။
ဟော... ပြီးတော့လည်း ဘွဲ့နှင်းသဘင်အခမ်းအနားရှေ့မှာ တချပ်ချပ်နဲ့။
သုံးနာရီလောက် ထိုင်ခုံမှာ ထိုင်ခဲ့ရပြီး အခမ်းအနားပြီးဆုံးလို့ အပြင်ပြန်ရောက်လာချိန်ဟာ နေ့လည်ဆယ့်နှစ်နာရီနီးပါး။
ဆံထုံးကို ဖြည်ပစ်ချင်နေပြီး ၀တ်ရုံကိုလည်း ချွတ်ပစ်ချင်နေပြီ။ မွန်းကြပ်နေရပြီး အသက်ရှုလည်းမ၀။ အရေးအကြီးဆုံးက နားရွက်၊ လည်ပင်းနဲ့ လက်ကောက်၀တ်က လက်၀တ်ရတနာတွေကို။
မေမေက ဘာစိတ်ကူးပေါက်ပြီး ဒီနေ့မှ သိမ်းဆည်းထားတဲ့ ဘိုးဘွားပိုင် အမွေအနှစ်တွေ ထုတ်ဆင်သလဲ မသိပါ။ ယောက်ျားရရင် ဒါတွေပေးမယ်လဲ ပြောနေသေးသည်။
အဲ့တာကြောင့်ပဲ မဆီမဆိုင်ပဲ ဟိုကျေးဇူးရှင်ကို မုန်းတီးမိသွားသေး၏။
နေ့လည်စာတနပ်စားပြီး ဘာမှဆက်ဖြစ်မလာဘူးလေ။
" မေမေတို့က ဘယ်မှာလည်း မသိဘူး.. ခေါင်းကိုက်နေပြီ.. အိမ်ပြန်ချင်နေပြီ... "
ပျားပန်းခပ်သမျှ စည်ကားနေတဲ့ လူအုပ်စုကြားထဲမှာမို့ ဖေဖေနဲ့မေမေဆီ ဖုန်းသာဆက်လိုက်သည်။
တံခါးပေါက်၀နေရာမှာ စောင့်နေကြောင်း၊ ကိုကြီးက အခုမှ အိမ်ကထွက်လာမယ့်အကြောင်းပြောရင်း သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်ဦး ပြန်ပြောလာသည်။
" ကိုကြီးကလည်း အိမ်မပြန်နဲ့ဆိုတာကို ပြန်သွားတယ်... "
" လာ.. တခန်းလုံးနဲ့ ဓာတ်ပုံရိုက်ရအောင်.. ဆရာမတွေနဲ့ရော... "

أنت تقرأ
ICY : Sugar Free Ice Cream
عاطفيةကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest