Edinburghခရီးမှာရော အိမ်အပြန်ခရီးစဉ်တလျှောက်လုံးမှာ ကိုကိုဟာ အရင်ကစွမ်းရည်လင်းနဲ့ မတူတော့ဘူးဆိုတာ မျက်ဝါးထင်ထင်တွေ့မြင်လာရသည်။
အလိုက်အထိုက်နေတက်လာပြီး စကားပြောစွမ်းရည်လည်း ပိုကောင်းလာသည်။ အခုနေထိုင်ရတဲ့ဘဝနဲ့ပတ်သတ်ပြီး ကျေနပ်ပုံလည်းပေါ်သည်။
အိမ်နဲ့အဝေးမှာနေရပြီး တယောက်ထဲ (သူငယ်ချင်းတွေရှိပေမယ့်လည်း) နေရပေမယ့် သူ့ဘဝသူ Enjoyဖြစ်ပြီး ရွေးချယ်ထားတဲ့ဘဝရဲ့ နောက်ဆက်တွဲကြုံလာနိုင်တဲ့ အခက်အခဲတွေကိုလည်း ကြံ့ကြံ့ခံရင်ဆိုင်မယ့်သဘောမှာရှိ၏။
မကြာခင်မွေးနေ့ရောက်တော့မှာဖြစ်တာကြောင့်လည်း ကိုကို့မွေးနေ့မှာ ဘာလက်ဆောင်ပေးရင်ကောင်းမလဲ စဉ်းစားနေရတာ ဒီကိုရောက်မလာခင်ကတည်းကပင်။ Romanticဆန်တာမျိုးလုပ်ပေးချင်ပေမယ့် ဦးနှောက်က သိပ်creationမကောင်းပေ။
လက်မှုပစ္စည်းလေးတွေ လုပ်ပေးရင်ကောင်းမလားဆိုတော့လည်း ဘာမှမလုပ်တက်။ မွေးနေ့မှာ အစားအသောက်ကောင်းတွေ ချက်ပြုတ်ကျွေးမွေးမယ်ဆိုတော့လည်း ကိုယ့်လက်ရာကို မယုံကြည်ရဲ။
တက်ကျွမ်းတာ၊ လုပ်နိုင်တာမရှိတဲ့ ကိုယ့်ဘဝကိုလည်း စိတ်မပျက်မိ။ ကိုယ့်ကိုယ်ကိုယ်လည်း အံဩမိပါသည်။
နောက်တော့ ကြုံရာမရတဲ့အဆုံး CASETiFYနဲ့ ကိုကိုသဘောကျတဲ့ Girl Groupနဲ့ Collaboration လုပ်ထားတဲ့ Phone Caseသာဝယ်လိုက်သည်။
ဒီလက်ဆောင်လောက် ကိုကို့အပေါ်ထားရှိတဲ့ မွန်မြတ်သန့်စင်ရဲ့ ချစ်ခြင်းတရားကို ဖော်ပြနိုင်စွမ်းမရှိ။ အဟွန်း..... ။
" ဒီနှစ်မွေးနေ့က ဘယ်နှစ်နှစ်ပြည့်မှာလဲ... "
" ဆယ့်ခြောက်နှစ်... "
" လျှောက်ပြော... "
ရေခဲမုန့်စားနေရင်း ကိုကို့အသက်ဘယ်လောက်ရှိပြီလည်း ပြန်တွက်လိုက်သည်။ ကိုကိုက လပိုင်းလောက်ပဲ အသက်ကြီးတာဆိုတော့ ကိုယ့်အသက်ကဘယ်လောက်လည်း အရင်ပြန်တွက်ရ၏။
နှစ်ဆယ့်လေးနှစ်ပြည့်မှာလား၊ နှစ်ဆယ့်ငါးနှစ်ပြည့်မှာလား... စဉ်းစားနေရင်းနဲ့မှပဲ ရှုပ်လာရတော့သည်။
YOU ARE READING
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest