Domino Effectက ဘယ်နေ့ကစတင်ခဲ့လည်းဆိုရင် Boxing Dayနေ့ကတည်းက စတင်ခဲ့သည်။
စက်မှုထဲက ဘုဏ်းသန့်အိမ်မှာ ဘောလုံးပွဲကြည့်မယ်၊ အဲ့အိမ်မှာပဲ New Yearအထိနေမယ် ပြောလာသည်။ တားမြစ်စရာအကြောင်းမရှိ။ သူ့အခွင့်အရေး၊ သူ့လွတ်လပ်ပိုင်ခွင့်ပဲလေ။
ဒါပေမယ့် စက်မှုထဲမှာနေမယ်၊ မြို့ထဲကို ပြန်မလာဘူးဆိုသူက Boxing Dayနေ့၊ ညနေခင်းမှာ မြို့ထဲက စားသောက်ဆိုင်တခုမှာ ရောက်နေသည်။
ဖုန်းဆက်ဖို့အချိန်မရလိုက်တာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ဆိုပြီး လျော့ပေါ့တွေးခဲ့ပေမယ့် မတွေးပေးနိုင်လောက်တဲ့အကြောင်းအရင်းက ထပ်ပေါ်လာ၏။
ကျောင်းတုန်းက သူ့ကိုမှ မရရင် ဒီတသက်ယောက်ျားမယူတော့မယ့် မိန်းမတသိုက်နဲ့ New Year Party ဆင်နွှဲနေတာကို ဘယ်လိုများနားလည်ပေးရမှာပဲ။
ရတီက နင့်ကိုကိုပါတယ်ဟဲ့ဆိုပြိီး ပွင့်ဖြူရဲ့storyကို လာပြတာကိုပင် မယုံနိုင်ဖြစ်ရသည်။
မချစ်တော့လို့ အပြစ်မြင်နေတာမဟုတ်ဘူး၊ သူ့လုပ်ရက်တွေ မဟုတ်လို့ ဖြစ်နေရတာ။
သူ Englandမသွားခင်အချိန်အတွင်းမှာ တယောက်နဲ့တယောက် နားလည်မှုတွေခိုင်မြဲအောင် ကြိုးစားရမှာမဟုတ်ဘူးလား။ ဒီလိုပုံစံနဲ့ဆို ဟိုရောက်သွားရင်လည်း ဘယ်လောက်သံသယတွေ များပြားနေရမှာလည်း။
ပူလောင်နေရတဲ့ စိတ်ကို မီးစာထပ်ထည့်ပေးသူက ကိုကိုကိုယ်တိုင်သာ။ စနေနေ့ညနေခင်းကို ဆယ့်ငါးမိနစ်နောက်ကျမယ်ဖုန်းဆက်လာသည်။
မကြည်နေတာကြောင့် နောက်ကျမယ့်အတူတူ နောက်ရက်မှတွေ့ဖို့ပြောလိုက်ပြီး ရတီ့အိမ်ကိုသာ ရောက်ခဲ့ရတော့သည်။
" ငါ့မှာ ဖြည့်တွေးပေးချင်တာတောင် တွေးလို့မရဘူးသိလား... "
" သူ့ကိုမေးကြည့်လေဟာ.. သူ့ဆီက ဖြေရှင်းချက်ရရင် နင်က နားလည်ပေးမှာပဲ.. အဲ့တော့ ဘာမှမပြောချင်ဘူး... "
" မမေးချင်ဘူး.. အဲ့လိုမေးမှသိရမယ်ဆို ဘာမှမသိချင်ဘူး.. ကျောင်းတက်ဖို့ကိစ္စလည်း ငါအရင် စကားစလို့.. မဟုတ်ရင် ရေငုံနှုတ်ပိတ်နေမှာ! "
YOU ARE READING
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest