Extra - 8

370 22 6
                                    

ကိုကို့ပြောစကားအရတော့ ဒီနှစ်ပိုင်းတွေမှာအကြိုက်ဆုံးပါဆိုတဲ့ ဘောလုံးကွင်းထဲကအသံတွေအပြင် နောက်ထပ်နှစ်သက်သဘောကျရတဲ့အသံတွေလည်းရှိလာပြီဖြစ်သည်။

ဘာတွေလဲဆိုတော့ Kitchenထဲမှာ သူမရှိနေပြီး စားသောက်စရာတွေ ချက်ပြုတ်ပြင်ဆင်နေတဲ့အချိန်မှာ ထွက်ပေါ်လာတဲ့အသံတွေကို သဘောကျပါသည်တဲ့။

အသေးစိတ်ပြောရရင်ဖြင့် Coffee Makerကအသံ၊ Toasterကအသံတို့ကအစ အိုးခွက်ပန်းကန်တို့ထိတိုက်မိတဲ့အချိန်မှာထွက်ပေါ်လာတဲ့အသံတို့အဆုံး အားလုံးကို နှစ်သက်သဘောကျပါသည်တဲ့လေ။

ပုံမှန်အားဖြင့် သူမကကိုကို့ထက် အိပ်ရာစောစောနိုးလေ့ရှိသည်။ သို့သော်လည်း မနက်ခင်းလမ်းလျှောက်သွားရမည်ကို ပျင်းရိသည်ကြောင့် တချို့ရက်တွေမှာ Breakfastပြင်ဆင်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အိမ်မှာပဲနေခဲ့လေ့ရှိ၏။

ညနေဘက်လည်းအတူတူပင်။ ကိုကိုအလုပ်ကပြန်ရောက်ချိန်မှာဆို သူမက Dinnerအတွက် ပြင်ဆင်နေပြီဖြစ်သည်။

အခုလည်း အိပ်ရာနိုးတာနဲ့ သူမရှိတဲ့နေရာရောက်လာကာ အနောက်ကနေသိုင်းဖက်ထားပြီး ပုခုံးပေါ်မေးတင်လာသည်။

" Good Morning, Baby.. ကိုယ်ဘာကူလုပ်ပေးရမလဲ... "

" ရတယ်.. မျက်နှာသစ်ခဲ့ပြီလား... "

" Track suitတောင် ဝတ်ထားပြီးပြီးကို... "

အိပ်ရာနိုးစ ခပ်အက်အက်အသံလေးကို အင်မတန်မှသဘောကျရသည်။ တကယ်တော့ စိတ်ဆိုးနေတဲ့ ခပ်မာမာအသံလေးကိုလည်း သဘောကျရတာပါပဲ။

တဦးတည်းသောညီလေးကို စကားပြောတဲ့လေသံကိုတော့ သဘောမကျ။ စိတ်ရှည်သည်းခံမှုမရှိပဲ အထက်စီးဆန်သည်ဟု ခံစားရသည်။

ပြင်ဖို့ပြောပေမယ့်လည်း လက်မခံ။ ပြောကြည့်တိုင်း " အနားရှိနေရင် စကားနဲ့မပြောပဲ ဆွဲထိုးပြီးပြီပဲ " ဆိုကာ ခွန်းတုံ့ပြန်လာသည်ကြောင့် စကားနဲ့ပြောနေတာကိုပင် ကျေးဇူးတင်ရမလိုဖြစ်နေ၏။

" ပြန်လာမှ breakfastစားမှာမလား.. မသွားသေးပဲ.. ဘာတွေလာချွဲနေတာလဲ... "

" တယောက်တည်းမဟုတ်ဘူးဆိုတာ အတည်ပြုချင်လို့... "

" ကိုကိုကဘယ်တုန်းကတယောက်တည်းဖြစ်လို့လဲ... "

ICY : Sugar Free Ice Cream Où les histoires vivent. Découvrez maintenant