In My Heart Forever - 45

548 41 11
                                    

Recommend Song
Wherever You Are - One Ok Rock

.
.
.
.
.

ပြီးပြည့်စုံလှပတဲ့ရက်သတ္တပတ်ကို ကုန်လွန်ခဲ့အပြီးမှာတော့ လက်တွေ့ဘဝစက်ဝိုင်းထဲကို မဝင်ချင်လဲ စိတ်အားတင်းပြီး ဝင်ရတော့သည်။

တပတ်လုံး အားလပ်ရက်ရနေခဲ့တဲ့ ဖုန်းလေးဟာလဲ အခုမှပဲ အသက်ပြန်ဝင်လာရ၏။ Pattayaကို ရောက်ကတည်းက ဖုန်းအားသွင်းဖို့ကို မေ့လျော့နေခဲ့တာဖြစ်သည်။

သူငယ်ချင်းတွေကတော့ ဖုန်းခေါ်ဖို့မပြောနဲ့၊ လိုင်းပေါ်တောင် ဓာတ်ပုံတပုံပဲတင်တယ်နော်၊ မအားဘူးထင်တယ် ဆိုပြီး စကားနာထိုးကြသည်။ တကယ်လည်း ဖုန်းကိုင်ဖို့ပင် သတိမရတာမို့ ပြောသမျှကို ခေါင်းညိတ်ယုံအပြင်မတက်နိုင်။

အခုလဲ အလုပ်ကနေ အိမ်တန်းမပြန်ရပဲ ရတီ့အိမ်ကို ရောက်နေသည်။ မလာမချင်း တဂျီဂျီနဲ့ ဖုန်းဆက်နေတာ အလုပ်ပင်ကောင်းကောင်းမလုပ်နိုင်ပါ။

" ငါတို့ဖို့ လက်ဆောင်ပါလား... "

" ဘယ်ပါမလဲ.. မွန်မြတ်သန့်စင်က အဲ့လိုမျိုး လောကဝတ်တွေ နားမလည်ဘူး.. အပိုတွေလုပ်တယ်ပဲထင်နေတာ.. ခရီးသွားတုန်းက နင့်ပိုက်ဆံတပြားပါလို့လား ပြန်မမေးရင် ကံကောင်း... "

အွန်းလေ။ ခရီးသွားရင် ငါ့သူငယ်ချင်းလေး သုံးချင်တာသုံးဖို့ဆိုပြီး ဘယ်နှစ်ဒေါ်လာထည့်ပေးလိုက်လို့လဲ။

" ငါ့အတွက်တောင် ဘာမှမဝယ်ခဲ့တာကို... "

" အော်.. ဒါမျိုးကျ ဟိုကောင်ကလဲ လောကွပ်လုပ်ရမယ်မှန်း မသိဘူးနော်.. ဒါမျိုးကျ ငါ့မိုးမြင့်ဇော်နဲ့ကွာတယ်... "

မိုးမြင့်ဇော်ကတော့ တနေရာသွားရင် ဒေသထွက်စားစရာတွေ ဝယ်လာလေ့ရှ်ိပြီး ရတီကတဆင့် ပေးလေ့ရှိသည်။ ရတီလဲအတူတူပင်။

ဟုတ်ပါတယ်။ အဲ့လိုမျိုးနေရာကျ နှစ်ယောက်လုံးအားနည်းတာ ဝန်ခံပါတယ်။ ဒါပေမယ့် ကိုယ်ကဘာမှမပေးသလို၊ သူများဆီကလဲ အလကားဘာမှမလိုချင်ဘူးလေ။ ကိုယ်ကမပေးပဲ သူများဆီက လိုက်လိုချင်နေတာမှမဟုတ်ပဲ။

ICY : Sugar Free Ice Cream Where stories live. Discover now