Extra - 2

455 40 7
                                    

" အဝတ်အစားဝတ်တယ်ဆိုတာ လုံခြုံဖို့က အဓိကမဟုတ်ဘူးလား.. ဖက်ရှင်ကျဖို့အရေးကြီးတယ်ဆိုတာလည်း လက်ခံပါတယ်.. ဒါပေမယ့် 11°Cမှာ စကပ်အတိုဝတ်တာတော့ စဉ်းစားစရာပဲ... "

" ကဲ.. ဘာလို့ပွစိပွစိလိုက်ပြောနေတာလဲ.. နားတွေလည်းပူလာပြီ... "

" ‌လိုက်ပြောတာမဟုတ်ဘူးလေ.. နေမကောင်းဖြစ်မှာစိုးရိမ်လို့ပြောနေတာကို... "

" ပြီးခဲ့တဲ့တနှစ်လုံး ကိုကိုသာ နှစ်ခါတိတိဖျားခဲ့တာ.. ငါဘယ်မှာဖျားခဲ့ဖူးလို့လဲ... "

ဘောလုံးပွဲက မကြာခင်စတင်တော့မှာဖြစ်သည်။ ကိုကိုကတော့ ထူးထူးဆန်းဆန်းဆိုရ‌အောင် ပွဲကြည့်ဖို့အပေါ်မှာ အာရုံမရှိပဲ အိမ်ကထွက်လာကတည်းက အဝတ်အစားလဲဖို့သာ တတွတ်တွတ်ပြောလာ၏။

ဘောလုံးပွဲအပြီးမှာ King's Cross Stationကိုလည်း သွားဦးမှာမို့ ဒီနေ့အတွက် Outfitအနေနဲ့ Teeတထည်နဲ့ Cargo Mini Skirtကို ရွေးချယ်ထားသည်။ Jacketအင်္ကျီကလည်း Crop Jacketမို့ ကိုကို့မှာ တော်တော်လေးမသက်မသာဖြစ်နေလေ၏။

ဘယ်လိုပြောပြော သူ့စကားနားမထောင်တာကြောင့် မှုန်ကုပ်ကုပ်မျက်နှာလေးနဲ့ပဲ သူဝတ်ထားတဲ့ Jacketကိုချွတ်ကာ သူမရဲ့ခါးအထက် ချည်နှောင်ပေးလာတော့သည်။

" ချစ်တယ်နော်.. ဒီကိစ္စကိုဒီမှာပဲထားစို့.. ဘောလုံးပွဲ အေးဆေးကြည့်ကြရအောင်ပါ... "

" ကိုယ်က အေးဆေးမကြည့်ရအောင်လုပ်တယ်ပေါ့... "

" ဟော.. ကိုကို ဘာဖြစ်.. ဒီနေရာမှာ ဘယ်သူကမှ ကျွန်မရဲ့ခန္ဓာကိုယ်ကို တကူးတက လိုက်အာရုံစိုက်နေတဲ့သူမရှိပါဘူးနော်... "

" ကိုယ်ရှိတယ်လေ.. ကိုယ်ကရော... "

" ဟွန့် Byuntae... "

" အေး အိမ်ရောက်မှတွေ့မယ်... "

မတွေ့ဘူးဆိုရင်လည်း ဘာတက်နိုင်မှာလဲ။ သူကဖြင့် အိမ်ရောက်တာနဲ့ ဒီနေ့ပွဲက ဘယ်လိုဆိုပြီး သူ့သူငယ်ချင်းတွေနဲ့ အကြီးအကျယ်ဆွေးနွေးတိုင်ပင်ရဦးမှာ။

" တွေ့ချင်ရင်လည်း အိမ်ရောက်မှတွေ့.. ကိုဘုဏ်းနဲ့ကိုဥက္ကာက ကွင်းထဲရောက်နေပြီဆို.. ငါတို့လည်းမြန်မြန်သွားရ‌အောင်... "

ICY : Sugar Free Ice Cream Where stories live. Discover now