Breakfastကို အိမ်အနီးအနားတဝိုက်က ရှမ်းခေါက်ဆွဲဆိုင်မှာပဲ စားခဲ့ကြပြီး Blueberry Green Teaနှစ်ခွက်ဝယ်လိုက်ကာ အိမ်အပြန်လမ်းမှာ ဒီနေ့တနေ့တာကို ဘယ်လိုကုန်ဆုံးမလဲ စဉ်းစားလိုက်သည်။
" အလုပ်က ရရဲ့လား.. စာသင်နေတာတွေကရော... "
" ရပါတယ်.. စာသင်နေတာကလဲ ဆရာမ'မလာလေ ပိုကြိုက်လေပဲကို... "
" အဲ့တာဆို ကိုယ်လဲနောက်ဆံမတင်းတော့ဘူး... "
" ဟုတ်... "
ကိုကို့လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားရင်း တက်ကြွရွှင်လန်းစွာနဲ့ပဲ ခေါင်းညိတ်လိုက်သည်။ လျှောက်လှမ်းနေရတဲ့ ခြေလှမ်းတွေကလဲ ပေါ့ပါးသွက်လက်နေရ၏။
" ဘယ်သွားချင်သေးလဲ.. ကိုယ်က ဘယ်မှသွားစရာကိစ္စမရှိဘူး.. ဖေဖေက တောင်ကြီး၊ မေမေနဲ့ငယ်လေးက အင်းလေးမှာ.. မမက သူ့အမျိုးသားနဲ့ Indiaသွားတယ်... "
" Pink Cityမှာမလား.. ဓာတ်ပုံတွေတွေ့တယ်.. မမက အရမ်းလှတာပဲ.. လှတယ်ဆိုတာထက် အေးချမ်းတယ်.. ငါ့ကိုလည်း ဂရုတစိုက်နဲ့ချစ်ပေးတယ်.. သံသာပြောတာကတော့လေ.. မမက လူတိုင်းနဲ့မခင်တက်ဘူးတဲ့.. မမကို ညာလို့မရဘူး.. သူ့အပေါ် အပေါ်ယံလား တကယ်စိတ်ရင်းနဲ့လားဆိုတာ စကားပြောကြည့်တာနဲ့ သိတယ်တဲ့... "
" အင်း "
" ဒါပေမယ့်လေ.. မမက ကိုကို့ကိုကြောက်ပုံပဲ.. နည်းနည်းရှိန်နေတယ်ထင်တယ်.. ကိုကိုက အဲ့လိုမလုပ်ပါနဲ့... "
" ကိုယ်က ဘာလုပ်လို့လဲ... "
" အင်းလေ ဘာမှမလုပ်လို့.. ခဏခဏဖုန်းဆက်ပေးပြီး ရင်းရင်းနှီးနှီးမနေလို့... "
" အရှေ့ကို သေချာကြည့်လျှောက်... "
တမင်တကာစကားလွှဲတာမဟုတ်ပေမယ့် စိတ်ကောက်ချင်သွားရ၏။ Green Teaသောက်နေရင်း မျက်စောင်းထိုးလိုက်တော့ ဟက်ခနဲရယ်မောပြီး ခေါင်းလေးကို ပွတ်သပ်လာသည်။
" စုပြည့်စုံလင်းအကြောင်းထားလိုက်တော့.. Passportပါလား... "
" ဟင်... "
Passportပါလားမေးခွန်းကို နားထဲမှာ ရှင်းရှင်းလင်းလင်းကြားလိုက်ရရဲ့သားနဲ့ ဒိန်းခနဲနှလုံးခုန်သွားရပြီး ခြေလှမ်းကလဲ ရပ်တန့်သွားရသည်။ ရုတ်တရက် ခန္ဓာကိုယ်အပူရှိန်ကလဲ မြင့်တက်လာသလိုလို။
KAMU SEDANG MEMBACA
ICY : Sugar Free Ice Cream
Romansaကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest