Falling In Love - 22

729 56 8
                                    

" မေမေ.. ဒီတပတ်ပိတ်ရက်ကျရင် မေမြို့သွားချင်လို့... "

" သွားလေ.. မုန့်ဖိုးယူဦးမှာလား... "

" သုံးဖို့က ရှိပါတယ်.. အဝတ်အစားဝယ်ချင်လို့.. အလုပ်ရပြီဆိုတော့ လကုန်ရင် ပြန်ပေးပါ့မယ်.. နော်... "

ဂျပန်သင်တန်းကျောင်းမှာပဲ Adminပိုင်းမှာ အလုပ်ဝင်နေပြီမို့ ကိုယ့်အသုံးစရိတ်အတွက်တော့ လောက်ငှပါသည်။ အဟဲ... အိမ်ကို ထောက်ပံ့နိုင်အောင်တော့ ကြိုးစားရဦးမည်။

အသံက ခပ်ချွဲချွဲ၊ မျက်နှာလေးက သနားကမားနဲ့မို့ မေမေ့နှလုံးသားကို အရည်ပျော်သွားစေတယ် ထင်ပါသည်။ ဂုတ်ဝဲဆံပင်ကို ပွတ်သပ်ပြီး လိုအပ်တာဝယ်ဖို့ ပိုက်ဆံထုတ်ပေးလာတော့သည်။

" ညအိပ်မှာလား... "

"အိပ်ခိုင်းရင်တော့ ကောင်းတာပေါ့.. စန္ဒာတို့က ခြံဝယ်ထားတယ်... "

" ဘယ်သူတွေပါဦးမှာလည်း... "

" ‌ယောက်ျားလေးမပါဘူးလေ.. မေလည်း စန္ဒာ့အိမ်အကြောင်း သိရဲ့သားနဲ့... "

" ဟုတ်ပြီ... "

ဖေဖေနဲ့မေမေရဲ့ သမီးဖြစ်ခွင့်ရတာ ဂုဏ်ယူဝမ်းသာမိသည်။ အကျေနပ်ဆုံးက ကိုယ့်သားသမီးမှ ကိုယ့်သားသမီး၊ ငါ့သမီးသာ အသာဆုံးဖြစ်ရမယ်ဆိုတဲ့ အတ္တမရှိ။ ပြိုင်ဆိုင်တာမျိုးမရှိ၊ ပြိုင်ခိုင်းတာမျိုးမရှိပဲ သားသမီးကို ဖိအားမပေးတက်ပဲ လက်ခံနားလည်ပေးနိုင်တာကို။

ငယ်တုန်းကတော့ သိပ်အရေးပေးမခံရဘူး၊ အလိုလိုက်မခံရဘူးဆိုပြီး နာကျင်ရပေမယ့် အသက်ကြီးလာတော့ နားလည်လာရသည်။ ကိုယ်ကောင်းစားဖို့အတွက်၊ နေရာရဖို့အတွက် သူများကို ဦးချိုးတာမျိုး မလုပ်ခဲ့တဲ့အတွက်လည်း လိပ်ပြာသန့်ရသည်။

ပြောရရင်... သားသမီးရှိတာခြင်း အတူတူ၊ သူများသားသမီးကျ အပြစ်ရှာကြံပြော၊ မဟုတ်တာကို အဟုတ်လုပ်ပြော။ သူ့သားသမီးသာ အချစ်ခံရစေချင်၊ အရေးပေးစေချင်၊ မျက်နှာရစေချင်ပြီး သေမှရမယ့် အမွေတွေကို မက်မောနေကြတဲ့ တချို့လူကြီးတွေလို မဟုတ်တဲ့အတွက် ပိုလို့ကျေနပ်ရ၏။

အဲ့လိုစိတ်တွေကြောင့် သူတို့မှာ အမြဲတမ်းပူလောင်နေရတာ။ အမေကလည်း ပူ၊ သမီးကလည်း မအေးချမ်းနဲ့။

ICY : Sugar Free Ice Cream Tempat cerita menjadi hidup. Temukan sekarang