ကိုကို့ရဲ့ အလုပ်အခြေအနေအရ လန်ဒန်မှာပဲ နောက်ထပ်နှစ်အနည်းငယ် နေရဦးမှာဖြစ်တာကြောင့် သူမမှာလည်း ကိုယ်ပိုင်အလုပ်ရှိဖို့လိုအပ်တယ်ဟု ယူဆသည်။
စာသင်နေတာက အချိန်ပိုင်းပဲမို့၊ stableဖြစ်တဲ့ အလုပ်တခုလိုချင်၏။
ဒါကြောင့် ကိုကို့ကို အလုပ်မလုပ်ရရင်ဖြင့် လန်ဒန်မှာ ခြောက်လ၊ မန္တလေးမှာ ခြောက်လနေတော့မည်ဆိုကာ ပုလဲလုံးတွေခပြီး ပြောကာမှပဲ စိတ်မပါလက်မပါနဲ့ ခေါင်းညိတ်လာသည်။
ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ကိုကို့မွေးနေ့မနက်ခင်းပိုင်းမှာ အင်တာဗျူးဖြေရမည်။
မွေးနေ့ရှင်တယောက် စိတ်ကောက်ပြီး မနေ့ညကတည်းကနေ၊ အခုမနက်ခင်း အင်တာဗျူးဖြေကာနီးအချိန်အထိ စကားတခွန်းမှမပြောပါချေ။
မွေးနေ့ပွဲလုပ်မယ့် Bellaရဲ့ဆိုင်ကိုလည်း ဆိုင်မဖွင့်ခင် အစောကြီးထဲက သွားဖို့ပြင်နေသည်။ Bellaနဲ့Jamesရဲ့ မိသားစုဝင်တွေနဲ့ပါ ရင်းနှီးနေတဲ့ဆက်ဆံရေးဆိုပေမယ့် အားနာနာနဲ့ပဲ စားပွဲခုံတလုံးကို အပိုင်ယူထားလိုက်ရတော့သည်။
အင်တာဗျူးဖြေပြီးတာနဲ့ ချက်ချင်းပဲ သူမနဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ကိုကို့ကို တောင်းပန်စကားဆိုလိုက်၏။
ဘာမှပြန်မပြောပဲ ခပ်တည်တည်နဲ့သာ ဖုန်းသုံးနေတာကြောင့် ကိုကို့ဘေးနားကနေရာကို ရွေ့ထိုင်ပြီး၊ ကိုကို့ပုခုံးထက်ကိုမှီကာ ပြေလည်ရာပြေလည်ကြောင်း စကားစရတော့သည်။
" ဘာတွေကြည့်နေတာလဲ... "
" ဘာမှမဟုတ်ဘူး... "
" ဘယ်သူနဲ့စကားပြောနေတာလဲ.. ကောင်မလေးတွေလား... "

YOU ARE READING
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest