Unicode
Recommend Song
All about him -Auburn
-
-
-
-
-စာမေးပွဲဖြေပြီးပြီဆိုပေမယ့် Term Paperအတွက် ကျောင်းကိုရောက်နေရ၏။ Term Paperကိစ္စ အောင်မြင်စွာပြီးဆုံးသွားတာနဲ့ အိမ်မပြန်ဖြစ်သေးပဲ ကျောင်းသားရေးရာရှေ့မှာ ထိုင်ရင်းစကားပြောဖြစ်ကြသည်။
စကားပြောတာထက် လွမ်းဆွေးနေကြတယ်လို့ ပြောလို့ရမည်။ မြတ်နိုးက ကျောင်းပြီးပြီဆိုပြီး အသံတိတ်မျက်ရည်ကျနေသည်။ ရတီကတော့ ရှိုက်သံပါအောင် ငိုနေ၏။
" နင်တို့ကလည်း သူများတွေဆို နယ်ဝေးကနေ ကျောင်းလာတက်ရတာ.. ငါတို့လေးယောက်လုံး ဒီမြို့ထဲကပဲကို.. တွေ့ချင်ရင် ဖုန်းလှမ်းဆက်လိုက် အပြေးလာခဲ့မယ်... "
" ခံစားချက်တွေ မတူတော့ဘူး.. မလွတ်လပ်တော့ဘူး.. ဒီလိုကျောင်းသူဘ၀ကို ပြန်မရနိုင်တော့ဘူး.. အဟင့်... "
" မဟုတ်ဘူးလေဟာ... "
နှစ်သိမ့်ဖို့ကြိုးစားနေတဲ့ စန္ဒာ့ကို ဘာမှဆက်မပြောဖို့ ခေါင်းသာမသိမသာခါယမ်းပြလိုက်သည်။ ငိုချင်နေတာကို မငိုပါနဲ့ နှစ်သိမ့်နေလည်း ဘာမှအရာထင်မှာမဟုတ်။
ငိုချင်တာ ငိုစမ်းပါ လွှတ်ထားချင်ပေမယ့်လည်း ကြာလာတော့ စိတ်ညစ်လာရသည်။စန္ဒာကပါ မျက်ရည်လည်နေပြီ။
မိုးမြင့်ဇော်ကလည်း ရတီငိုနေတာကို မငိုပါနဲ့ မတားမြစ်ပဲ tissueသာ အဆင်သင့်ထုတ်ပေးနေသည်။ ယပ်တောင်လေးခပ်ပေးရင်း မောရင်သောက်ဖို့ လက်ထဲမှာ ရေဘူးတဘူးလည်း အဆင်သင့်ကိုင်ထားသေး၏။
" အဲ့တာများ.. ဒီနေ့Term paperလာမလုပ်နဲ့ပေါ့.. အဲ့တာဆို နင်နောက်တနှစ်ထပ်နေရပြီ... "
" မွန်မြတ်သန့်စင်!!! "
သုံးယောက်လုံးရဲ့အော်သံက စူးခနဲ။
" တော်ကြတော့.. ငါတို့ ဒီလေးနှစ်ကို နောင်တရစရာမရှိလောက်အောင်ကို ပျော်ပါးခဲ့ကြတယ်.. စာလည်းကြိုးစားတယ်.. တခါတလေ အတန်းလစ်ပြီးလည်း လျှောက်လည်ကြတယ်.. မကောင်းတဲ့အမှတ်တရလည်း မရှိခဲ့ဘူး.. ဘွဲ့ရရင်လည်း တွေ့ရဦးမှာ.. အခုချိန်မှာ ဘွဲ့ယူရင် ဝတ်ဖို့အင်္ကျီအ၀တ်အစားရွေးနေတာကမှ ဟုတ်ဦးမယ်... "
YOU ARE READING
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest