Unicode
ကိုးတန်းတနှစ်လုံး ကျောင်းcanteenကနေ ထမင်းစားပြီးချိန်တိုင်း ကော်ဖီဘူး၀ယ်သောက်လေ့ရှိသည်။ ဈေးရောင်းတဲ့ အစ်မတွေက သူ့ကိုမြင်တာနဲ့ ကော်ဖီဘူး ထုတ်ပေးပြီး အမ်းစရာ ငါးရာတန်ကလည်း အဆင်သင့်ဖြစ်နေတက်သည်။
ဒါပေမယ့် ဆယ်တန်းနှစ်ကစပြီး ပြောင်းလဲသွားရ၏။ ပြောင်းလဲသွားတာက ကော်ဖီဘူးမဟုတ်တော့ပဲ မိုင်လို၊ ပဲနို့၊ အိုဗာတင်း အစရှိသဖြင့်။
ငယ်လေးက ဒီနှစ်မှ လေးတန်းတက်ရမှာဖြစ်ပြီး သူနေတဲ့ကျောင်းမှာပဲ ကျောင်းပြောင်းထားလိုက်သည်။
အဆောက်အအုံတခုထဲမှာပဲဖြစ်ပြီး ဆယ်တန်းကျောင်းသားတွေက အပေါ်ထပ်မှာ ဖြစ်တာကြောင့် ထမင်းစားပြီးတာနဲ့ အခန်းဆီ ချက်ချင်းမသွားပဲ အောက်ထပ်က လေးတန်းဆောင်ကို သွားကြည့်နေကျဖြစ်သည်။
" ဟိတ်.. အအေးသောက်ဦး... "
ငယ်လေးကို ရှာနေချိန်မှာပဲ ဘေးနားကကြားလိုက်ရတဲ့ စကားသံကြောင့် ငဲ့စောင်းကြည့်လိုက်သည်။
" ကိုကြီး... "
ချက်ချင်းအကြည့်လွှဲကာ သူ့ကိုလက်လှမ်းပြရင်း အခန်းတံခါးပေါက်ဆီ အပြေးလာနေတဲ့ ကလေးကို ပြန်ပြုံးပြပြီး မိုင်လိုဘူးကို ပေးလိုက်သည်။
" စာသင်တာ သေချာလိုက်နားထောင်နော်.. မငေးနဲ့... "
" ရက်စ်... "
" ဘာစားဦးမလဲ.. ဒီနေ့ဘာဟင်းလဲ... "
" တော်ပြီ.. မေက ကြက်သားကြော်နဲ့ ထမင်းထည့်ပေးလိုက်တာ... "
နေ့တိုင်း ထမင်းနဲ့ကြက်သားကြော်တတုံး။ အသီးအနှံတွေ စားတက်အောင်၊ အာဟာရပြည့်၀အောင် ဂရုတစိုက်ကျွေးမွေးဖို့ အချိန်မရှိ။
ပိုက်ဆံရှာနေရတာကြောင့် လျစ်ဟင်းတာကို နားလည်ပါသည်။ အဲ့တာကြောင့်ပဲ...။
" သွားပြီ.. ဘိုင့်ဘိုင်... "
ကလေးက သူ့ထိုင်ခုံနေရာ ပြန်ရောက်တာနဲ့ မိုင်လိုဘူးကို လွယ်အိတ်ထဲ ထည့်သိမ်းတော့သည်။ ဘူးကအေးနေတာမို့ စာအုပ်တွေ ရေမစိုရအောင် အင်္ကျီနဲ့သုတ်လိုက်သေးသည်။
ŞİMDİ OKUDUĞUN
ICY : Sugar Free Ice Cream
Romantizmကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest