Unicode
Screenထက်က ဟုတ်ကဲ့ ဆိုတဲ့ စာသားကို အသည်းယားစွာနဲ့ပဲ ကြည့်နေမိသည်။ ဘာဆက်ပြောရမယ်မှန်းလည်း တကယ်မသိ။
စွမ်းရည်လင်းကို သိကျွမ်းခဲ့ပြီးနောက် မွန်မြတ်သန့်စင်ရဲ့ နေ့ရက်တွေဟာ ရှုပ်ထွေးနေသည်။
စောင့်ဆိုင်းရတာကိုမကြိုက်၊ စိတ်ရှုပ်ရတာကိုမကြိုက်၊ ပရိယာယ်သုံးရတာကို နားမလည်သူမို့ သူနဲ့ပတ်သတ်ပြီး ဖြစ်ပေါ်လာရတဲ့ ခံစားချက်တွေကို မကောင်းမြင်နေမိသည်။
ရတီကတော့ နင်က အချစ်ကို သေချာမခံစားဘူးသေးလို့ပါဟု ပြောလာသည်။ ထပ်ပြောလာတာက ပင်ပန်းရပေမယ့် စောင့်ဆိုင်းနေမိတာပဲမလားတဲ့။
သူပုံစံက အေးတိစက်အေးစက်နဲ့ စကားအပိုမပြောတက်မှန်း သိထားပေမယ့် စိတ်၀င်စားပါတယ်လို့ ၀န်ခံထားတဲ့ မိန်းကလေးကိုပင် ဒီလိုပုံစံနဲ့ပဲ ဆက်ဆံတော့မှာလား တွေးမိတော့ ရင်မောသွားရသည်။
သူ့ကို တခုခုထပ်ပြောစေချင်သည်။ စားပြီးပြီလား၊ ဘာဟင်းနဲ့စားတာလဲဆိုတဲ့ စကားဆိုရင်လဲ အဆင်ပြေသည်။
ပြောစေချင်တဲ့သူက မပြောပဲ၊ မပြောချင်တဲ့သူက အာလာပသလ္လာပတွေ ပြောလာချိန်မှာတော့ တကယ်ပဲ စိတ်ညစ်ညူးသွားရတော့၏။
Onထားတဲ့ Active Statusကို ပြန်Offလိုက်ပြီး Chat Headsကိုပါ ပိတ်လိုက်သည်။
ခုနှစ်နာရီကနေ ညဆယ်နာရီထိုးတဲ့အထိ လူကယောင်ချာချာနဲ့ဖြစ်ရပြီး စိတ်လွတ်ကိုယ်လွတ်ဖြစ်နေမိသည်။
စွမ်းရည်လင်းမှာ ဘာမှော်အစွမ်းတွေ ရှိနေသလဲ တကယ်ပဲ မပြောတက်တော့ပါဘူး။
လူက Period timeမှာဆိုရင် ဟိုတွေးဒီတွေးနဲ့ အတွေးများပြီး ကယောင်ခြောက်ခြားဖြစ်တက်တာမို့ Relaxဖြစ်ဖို့ Yogaလုပ်ရင်လုပ်၊ ဒါမှမဟုတ် သီချင်းနားထောင်လေ့ရှိသည်။
သီချင်းကို သီးသန့်Playlistလုပ်ထား၏။ အဲဒီPlaylistကိုလည်း CDနဲ့သက်သက်ကူးထားတာကြောင့် CD Playerနဲ့ဖွင့်နားထောင်လိုက်သည်။
ဒီCD Playerက အိမ်ဘေးနားက ဆယ်တန်းဖြေပြီးကာစ ညီမလေးကို ဂျပန်စာပြန်သင်ပေးရင်း ရတဲ့ပိုက်ဆံနဲ့ ၀ယ်ထားတာဖြစ်သည်။

CITEȘTI
ICY : Sugar Free Ice Cream
Dragosteကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest