Dilemma - 40

521 35 3
                                    

မမနဲ့သူ့အမျိုးသားနဲ့က ပျားရည်ဆမ်းခရီးစဉ်အနေနဲ့ သင်္ကြန်ကာလမှာ ဂျပန်ကိုသွားကြမည်။ အစ်ကိုကြီးရဲ့မိသားစုဝင်တဦးက ဂျပန်မှာရှ်ိနေတာကြောင့် တမိသားစုလုံးအလည်အပတ်သွားကြမည်ဟု သိရသည်။

ရတီကလည်း ဆာကူရာကြည့်ဖို့ ဂျပန်ကိုသွားရအောင်ဆိုလာ၏။ တနှစ်ကို တနိုင်ငံလောက်ဖြစ်ဖြစ် ခရီးထွက်ကြဖို့ တိုင်ပင်ထားကြသည်။ ကိုကိုတို့သူငယ်ချင်းတွေကို အတုယူပြီး ပိုက်ဆံစုဆောင်းထားတာလဲရှိသည်။

တနှစ်ကျော်၊ နှစ်နှစ်နီးပါးစုဆောင်းထားတဲ့ ပိုက်ဆံအရေအတွက်ဟာ သူဌေးမဖြစ်လောက်ပေမယ့် Budgetခရီးအတွက်တော့အဆင်ပြေသည်။

စန္ဒာကတော့ သိတဲ့အတိုင်း သူ့အိမ်က မလွှတ်မှာသေချာနေတာကြောင့် စုထားတဲ့ပိုက်ဆံတဝက်ကို ခရီးစရိတ်သုံးလိုက်ဖို့ရက်ရောစွာပေးလာ၏။ 

တိုင်ပင်ထားခဲ့ပြီးသားဆိုပေမယ့် ဘဏ်စာအုပ်ကိုမြင်လိုက်ချိန်မှာတော့ တခြားနေရာမှာ အသုံးပြုမယ်ဟူ၍ စိတ်ကူးပြောင်းသွားရသည်။

အဲ့တာကြောင့် ရတီတို့ကို မလိုက်မယ့်အကြောင်း ပြောလိုက်သည်။ အစ်မတော်က အမျက်တော်ရှပြီး အိမ်တိုင်ရာရောက် မေမေ့ကို လာတိုင်တော့သည်။

" နင် ဟိုကောင့်နောက်လိုက်သွားဖို့ ပိုက်ဆံစုနေတာမလား... "

" ရတီကဟာ... "

" လိုက်လာစေချင်ရင် သူကခေါ်ရမှာပေါ့.. နင်ကဘာကိစ္စပိုက်ဆံစုရမှာလဲ.. လေယာဉ်လက်မှတ်ခမပြောနဲ့ ဟိုမှာအဲ့ကောင်နဲ့သွားနေရင်တောင် အဲ့ကောင်က နင့်ကိုကျွေးထားနိုင်တယ်... "

" မဟုတ်ပါဘူးဟာ.. ကျွေးထားနိုင်လည်း ငါစားချင်မှစားမှာပေါ့... "

" အေး အဲ့တာဆို လိုက်ခဲ့လေ... "

" ဟာ... "

ဂျပန်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတက်ပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဇွတ်ဖြစ်နေတဲ့ ရတီကြောင့် စိတ်ရှုပ်လာရသည်။ Tourနဲ့ချိတ်ပြီးသွားပါဆိုလည်းမဟုတ်။

" သစ္စာဖောက်မ.. အကုန်တိုင်ပင်ထားပြီးကို ယောက်ျားအတွက်နဲ့ သစ္စာဖောက်တဲ့မိန်းမ.. ယောကျ်ားနောက်လိုက်ဖို့ သူငယ်ချင်းတွေနဲ့သွားမယ့်ခရီးစဉ်ကိုဖျက်တာ မသိဘူးထင်မနေနဲ့.. နင့်အမေကိုသာ မဟုတ်ဘူးညာလို့ရမယ် ငါ့ကိုမရဘူး... "

ICY : Sugar Free Ice Cream Où les histoires vivent. Découvrez maintenant