Londonမှာ လိုက်နေဖို့ တွေဝေနေရတဲ့ အဓိကအကြောင်းအရင်းဟာ မိသားစုနဲ့ အဝေးမှာနေရမှာကြောင့်ဖြစ်သည်။ ကလေးမဟုတ်တော့ပေမယ့် အတွေးနဲ့ပင် ဝမ်းနည်းရ၏။
အဲ့လိုပဲ ကိုကိုနဲ့ ဝေးရရင်ရော အတွေးကတော့ မတွေးပင်မတွေးချင်လောက်အောင်ဖြစ်ရပါသည်။
တွေးပူနေရင်တော့ တွေးပူစရာကိစ္စတွေက ကုန်ခမ်းနိုင်မှာ မဟုတ်ပေ။ ဒါပေမယ့် လူတချို့ဟာ အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်သလည်းဆိုတဲ့ ရှေ့ဖြစ်ဟောခြင်းခံရတာတွေကို နှစ်သက်ကြတယ်လေ။
" နင်က လိုက်နေပြီး ဘာလုပ်မှာလဲ... "
" စွမ်းက ကျောင်းဆက်တက်ရင် ဆက်တက်.. အလုပ်လုပ်ချင်လည်း လုပ်တဲ့... "
" ဟင်.. နင်ကရော.. နင်ကဘာဆက်လုပ်ချင်တာလဲ.. ငါပြောမယ်.. ဖေဖေ ငါ့ကိုပြောနေကြစကားအတိုင်းပဲ အိမ်ထောင်ပြုမယ်ဆို.. ဘယ်မှာနေမှာလဲ.. ဘယ်လုပ်စားမှာလဲက မပြောမဖြစ်ပြောရမယ်လေ... "
ဘာလုပ်စားမှာလဲဆိုတော့ မာလာရှမ်းကောလုပ်စားမှာလေ။
နေပါဦး... ။ လူဆိုတာက ကိုယ်ကိုယ်တိုင်ကလည်း ခြောက်ပစ်ကင်းသဲလဲမစင်ပဲ သူများကိုတော့ လိုက်ရှာကြံအပြစ်ပြောနေလို့ မဖြစ်ဘူးလေ။
သူ့ဟာသူတောင် ညတိုင်းမူးရူးပြန်လာလို့ ဘယ်နေ့များ ဖေဖေနဲ့တွေ့မလည်း မေမေ့မှာ ရင်ထိတ်နေရတာကို။
" မင်း အသာနေ.. အဲ့တာတွေ ပြောနေရမယ့်အချိန်ကို မဟုတ်သေးဘူး.. ကလေးက အိမ်ထောင်ပြုဖို့အတွက် ငယ်သေးတယ်... "
" သမီးတို့ကလည်း လက်ထပ်ဖို့ကိုမလောသေးပါဘူး... "
" အဲ့တော့ ညည်းတို့က မယူရသေးပဲ ဘာလို့လိုက်နေမှာလဲ.. အမလေး မွန်မြတ်သန့်စင်.. ငါ့ကို သွေးတိုးအောင်လုပ်နေတာလား... "
" ဟုတ်ဘူးလေ... "
ဘဝမှာ တခါလောက်ပဲ ရူးရူးမူးမူး ချစ်မိချင်တာပါ။ လက်ထပ်ဖို့တွေ၊ တဘဝလုံးအတူတူရှိမယ်ဆိုတဲ့ကတိတွေ ပေးနေမယ့်အစား အခုလက်ရှိမှာ ဖြစ်နိုင်တာကိုပဲ ရွေးချယ်ချင်ယုံပါပဲ။ ပါးစပ်က ထုတ်မပြောရဲတာက တပိုင်းပေါ့။

CITEȘTI
ICY : Sugar Free Ice Cream
Dragosteကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest