Reasons - 32

501 38 3
                                    

" နင့်အဖေ့ဆီ ခဏတိုင်းသွားတယ်ဆို.. ကျောင်းတက်ဖို့ နင့်အဖေက ဘယ်လောက်ပေးလည်း... "

" အဲ့တာတွေမေးမနေစမ်းပါနဲ့.. ကျောင်းလခဘယ်လောက်သွင်းရမှာလည်း.. ဘယ်လောက်ဖြစ်ဖြစ်ပါ.. ဟိုမှာ မင်းဦးလေးရှိတယ်.. လိုအပ်တာအကုန်အကူအညီတောင်းလို့ရတယ်... "

" မမတို့များ ရှာသမျှအကုန် သားသမီးအတွက်ပဲ... "

အဲ့လိုပြောကြေးဆို အန်တီလေးလည်း သူများအမေအိမ်မှာ လိုက်ကပ်နေတာမဟုတ်ဘူးလား။ မေမေရှာသမျှက မောင်နှမသားချင်းတွေအတွက်ပဲ မဟုတ်ဘူးလား။

သည်းခံနိုင်စွမ်းတွေ မြင့်မားနေလို့ ဘာတခွန်းမှပြန်မပြောတာ မဟုတ်ဘူး။ ပြန်ပြောလိုက်ရင် မိဘက မဆုံးမဘူးလားဖြစ်မှာ စိုးရိမ်လို့။

အန်တီ့ဆီက အပြောခံရရင် မေမေက ငါ ဆုံးမတယ်၊ အဖေမဆုံးမတာလို့ ပြောမှာ။ အဲ့ကနေ မီးခိုးကြွက်လျှောက်ဖြစ်ကုန်မှာ စိုးရိမ်တာနဲ့ပဲ ဆူပူဆောင့်အောင့်နေသမျှကို ငြိမ်နေရတာ။

" သားသမီးတွေ မွေးထားပါရဲ့.. တယောက်မှ အမေ့အနားနေပြီး ကူညီရကောင်းမှန်း မသိကြဘူး.. မွေးရကျိုးနပ်လိုက်တာများ.. ပိုက်ဆံတွေတော့ လာတောင်းကြပါရဲ့... "

" ဒုက္ခမပေး ပြဿနာလိုက်မရှင်းရပြီးတာပဲအေ... "

" အဲ့လိုနဲ့ နှစ်အိမ်ထောင်မွေးတဲ့ခွေးဖြစ်နေမယ်... "

မျက်နှာမကြည့်ချင်လောက်အောင် စိတ်ပျက်ရသည်။ တခါတလေ လာတဲ့သူတောင် ဒီလိုပြောခံနေရတာ၊ ငယ်လေးဆို ဘယ်လိုများနေမလည်းမသိဘူး။

" ကိုယ့်သားသမီးကိုသာ ဆုံးမပါ.. သားသမီးက ငယ်သေးတယ်.. ကိုယ့်ယောက်ျားကိုသာ နှစ်အိမ်ထောင်ဖြစ်မနေအောင်ထိန်း... "

" ဟဲ့.. အရိုင်းကောင်... "

ဖေဖေက မဆုံးမဘူးဆိုတဲ့စကားက မမှန်ဘူး။ မရိုသေရင်တောင် ပြန်မပြောဖို့ဆုံးမမထားရင် ဒီထက်မက ရိုင်းမိမှာ။

" တွေ့လား.. ဖအေအားကိုးရှ်ိတော့ ငယ်ကတည်းက လုပ်ကိုင်ပေးခဲ့တဲ့မိသားစုကို ပြန်ကန်နေပြီ.. အမလေး အံ့ဩလို့မဆုံးဘူး... "

ICY : Sugar Free Ice Cream Where stories live. Discover now