ICYM - 11

549 37 8
                                    

Unicode

Buildingရဲ့ အရှေ့ဘက်၊ ဒါမှမဟုတ် အနောက်ဘက်မှာပဲ ဆိုင်ကယ်ရပ်မယ် တွေးထားပေမယ့် အရှေ့ကဆိုင်ကယ်ပေါ်က ကိုယ်တော်ချောက နောက်လှည့်မကြည့်ပဲ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တဲ့ parkingနေရာကိုသာ မောင်းသွားသည်။

တနှစ်။ ဒီနေရာမှာ တွေ့ဆုံခဲ့တာ တနှစ်ရှိသွားပြီတဲ့။ အတွေးနဲ့အတူ မေ့ထားခဲ့တဲ့ ရှက်ရွံ့စိတ်လေးက ပြန်ရောက်လာပြန်သည်။

အင်းးး ဒါပေမယ့် ဟာသလုပ်နိုင်ပါပြီ။ တနှစ်ကြာသွားတော့လည်း ဒီကိစ္စဟာ သိပ်ရေးကြီးခွင်ကျယ် လုပ်စရာကိစ္စမဟုတ်တော့ပါဘူး။

" ဗိုက်ဆာတယ်.. ကြက်ဆီထမင်းစားချင်တယ်... "

" အမ်... "

" Lotteriaသွားရအောင်.. သူလိုက်မှာလား မေးလိုက်... "

" ဟမ်.. သူမလိုက်လို့ ဘယ်မှာစောင့်ခိုင်းရမှာလဲ... "

" အေးလေ.. မေးလိုက်... "

ရတီက Cardiganရဲ့ တံတောင်ဆစ်နားကို ဆွဲထားရင်း နား'နားကိုကပ်ပြောလာသည်။ ပြောပြီးတာနဲ့ တွန်းလွှတ်တာကြောင့် ကို့ရိုးကားယား ဖြစ်ရပြန်၏။

ဒီအထိရောက်လာပြီးမှတော့ ဇွတ်အင်နိုးစန့်ချင်ပြီး ခရုချင်နေလို့လည်း မဖြစ်သေးပါဘူး။ ပြောစရာရှိတာ ပြောဖို့ သတ္တိမွေးရမည်။

" ဟို... "

" အင်း... "

" Lotteriaသွားလို့ရလား.. အဆင်ပြေမလားဟင်... "

" သွားလေ... "

သိပ်မညှိနှိုင်းလိုက်ရပဲ ချက်ချင်းခေါင်းညိတ်ပြီး သူကပဲ ရှေ့ကဦးဆောင်သွားသည်။

" Couple goalsလား.. Cargo Pantsဆင်တူနဲ့... "

" မဟုတ်ပါဘူးဟာ... "

သူကတော့ မပြောင်းလဲတဲ့ Corduroy Cargo Pantsနဲ့။ အရောင်က နက်ပြာရောင်၊ အင်္ကျီက အဖြူရောင်။

ဘာပြောပြော ခေါင်းညိတ်နေသူဟာ ဆိုင်ထဲအရောက်မှာတော့ ပြောင်းလဲသွား၏။

ကြက်ကြော်စားမှာလား မေးတော့လဲ မင်းစားမှာလား၊ ဘာသောက်မှာလဲ မေးတော့လဲ မင်း ဘာသောက်မှာလဲသာ ပြန်ဖြေလာသည်။

ICY : Sugar Free Ice Cream Where stories live. Discover now