Comfort Zone - 28

589 51 4
                                    

မေမြို့ကပြန်လာပြီး တပတ်အကြာကတည်းက ရေကူးသင်တန်းတက်နေတာဖြစ်ပြီး အခုဆို အချိန်တလနီးပါးကြာမြင့်ပြီလည်းဖြစ်သည်။

အရင်ကထဲက ရေကူးတက်ချင်တဲ့ စိတ်ရှိပေမယ့် တယောက်ထဲဖြစ်နေတာရယ်၊ နေရာအသစ်၊ ပတ်ဝန်းကျင်အသစ်မှာ လူအသစ်တွေနဲ့ ခင်မင်ရင်းနှီးဖို့ ခက်ခဲတာရယ််ကြောင့် စိတ်ကူးပဲရှ်ိပြီး တကယ်လုပ်ဖို့တွန့်ဆုတ်ခဲ့ရသည်။

တကယ်တော့... ကြိုးစားအားထုတ်ရမှာ ပျင်းတာကြောင့်ပါ။ ရေကူးတာမှ မဟုတ်ပဲ အသစ်အသစ်သော ပညာရပ်တွေ လေ့လာဖို့ မကြိုးစားချင်ပဲ Comfort Zoneမှာပဲ နေချင်တာ။

မေမြို့မှာတုန်းက ကိုကို့ကို ရေကူးသင်တန်းတက်ရင် ကောင်းမလား တိုင်ပင်ကြည့်တော့ ကျွမ်းကျွမ်းကျင်ကျင် ရေကူးတက်ပြီဆိုရင် ကမ်းခြေလိုက်ပို့ပေးမည် ပြောလာသည်။

‌အထွေအထူးစကားမဟုတ်ပဲ ဒီလောက်လေးပြောတာနဲ့တင် သင်တန်းတက်ဖို့ ချက်ချင်းဆုံးဖြတ်လိုက်၏။

အချစ်က ဒီလိုမျိုး စွမ်းအင်ကြီးမားတာ။

သင်တန်းက မနက်ခြောက်နာရီကနေ ခုနှစ်နာရီအထိဖြစ်ပြီး နေရာကလည်း အိမ်နဲ့သိပ်မဝေး။

ဒါပေမယ့် မနက်အစောကြီး ဆိုင်ကယ်နဲ့တယောက်ထဲသွားဖို့ မေမေက စိတ်မချတာကြောင့် အသွားကို ကိုကြီးလိုက်ပို့ပေးပြီး အပြန်ကို တယောက်ထဲ ခြေလျင်လျှောက်ပြန်သည်။

ကိုကြီးက ကြည်ကြည်ဖြူဖြူနဲ့ လိုက်ပို့ပေမယ့် အိပ်ရာနှိုးရတာတော့ သိပ်လွယ်ကူတဲ့အလုပ်မဟုတ်။ နိုးသွားရင် ပြန်မအိပ်ပဲ ချက်ချင်းထ၊ မျက်နှာသစ်ပေမယ့် အဲ့လိုနိုးအောင် နှိုးရတာက အရမ်းကို ပင်ပန်းလှ၏။

နောက်တခုက... ဆိုင်ကယ်ကို လိပ်ကလေးလို ဖြည်းညင်းစွာရွေ့လျားမောင်းနှင်တက်တာကြောင့် ဆိုင်ကယ်ပေါ်ကဆင်းပြီး ခြေလျင်လမ်းဆင်းလျှောက်ချင်စိတ်ကလည်း မနက်တိုင်းဖြစ်ပေါ်ရသည်။

ဒီနေ့လည်း အရင်ရက်တွေနဲ့ ထူးမခြားနားပါပဲ။

နည်းနည်းလောက် မြန်မြန်မောင်းလို့ ပြောချင်ပေမယ့်လည်း တမင်တကာအရွဲ့တိုက်ပြီး ဘီးထောင်မောင်းမှ ဟုတ်ပေ့ဖြစ်နေဦးမည်။

ICY : Sugar Free Ice Cream Where stories live. Discover now