Ice Cream - 21

556 43 10
                                    

" မနက်ဖြန်သွားမှာလား.. ရန်ကုန်က... "

" အင်း.. စနေနေ့ပြန်လာမယ်... "

" ဟိုသူငယ်ချင်းနှစ်ယောက်နဲ့ပဲလား... "

" အင်း... "

ရေခဲမုန့်စားနေရင်း မကျေနပ်ချက်တွေကလဲ များပြားလာရ၏။ အရမ်းကြီး စပ်စုသလိုဖြစ်မှာစိုးရိမ်တာကြောင့် ဘာမှမမေးပေမယ့် သူ့ဘက်က ပြောပြသင့်တယ် မဟုတ်ဘူးလား။

" သင်တန်းမသွားတော့ဘူး.. ကော်ဖီသွားသောက်ရအောင်.. အချိန်ရလား... "

" ကိုယ်ကတော့ အချိန်ရတာပေါ့.. ဘေဘီက သင်တန်းရှ်ိတာကို... "

" Senseiကို ဖုန်းဆက်လိုက်မယ်... "

သူ ပျော်သွားတာ။
မဖုံးကွယ်နိုင်လောက်အောင်။

Senseiကို ဖုန်းဆက်လိုက်သည်။ ရင်းနှီးနေတဲ့ ဆရာတပည့်ဆက်ဆံရေးဖြစ်ပြီး သင်တန်းပျက်ခဲသူ ဖြစ်တာကြောင့် Senseiကတော့ အရေးကြီးကိစ္စလို့ ထင်မှတ်သွားပုံရပြီး အသာတကြည်ပဲ ခွင့်ပေးလာသည်။

ဖုန်းချလိုက်ပြီး ပါးစပ်က အသံထွက်ကာ တောင်းပန်လိုက်၏။ မနက်ဖြန် လူချင်းတွေ့ရင်လဲ တောင်းပန်မည်။

" ဟိုတခေါက်က ကော်ဖီဆိုင်သွားမလား.. နည်းနည်းတော့ ဝေးတယ်... "

" သွားမယ်လေ... "

" ကိုယ်ဒါတွေ အိမ်ဝင်ထားလိုက်မယ်.. ဘေဘီ ကိုယ်နဲ့လိုက်ချင်လား.. အရင်သွားနှင့်မလား... "

လက်ထဲက အထုပ်တွေကို ‌မြှောက်ပြရင်း မေးလာ၏။ မေးခွန်းက အနည်းငယ် စဉ်းစားစရာမို့ တွေဝေသွားရသည်။

" အိမ်က လမ်းသင့်လား... "

" မသင့်ဘူး... "

" အမ်... "

" ခဏပဲ.. ဘေဘီ အပြင်မှာ ခဏစောင့်ပေးနော်... "

မငြင်းဆန်နိုင်ချိန်မှာပဲ သူ့အိမ်လိပ်စာကို ပြောပြလာသည်။ သွားမယ့်လမ်းကြောင်းကိုပါ ရှင်းပြပြီးနောက် နှစ်ယောက်သား ကိုယ့်ဆိုင်ကယ်ပေါ် တက်လိုက်ကြတော့သည်။

မိုးမြင့်ဇော်အိမ်နဲ့ သိပ်မဝေး။ လမ်းမပေါ်မှာ မဟုတ်ပဲ လမ်းကျယ်တဲ့ ဝင်းတခုထဲကို ကွေ့ဝင်သွားသည်။ နှစ်ထပ်တိုက်ရှေ့မှာ ဆိုင်ကယ်ရပ်လိုက်ပြီးနောက် ခဏနော်ဆိုကာ အိမ်တံခါးသော့ဖွင့်သည်။

ICY : Sugar Free Ice Cream Where stories live. Discover now