" ဘာဖြစ်နေတာလည်း.. မနက်အစောထဲက မကြည်မလင်နဲ့! "
လူက သိပ်စိတ်မကြည်တာမို့ ကိုကြီးရဲ့ အပြစ်တင်စကားကို မသိကျိုးကျွံပြုပြီး အိမ်ရှေ့က မေမေ့ဆီသာ ခပ်မြန်မြန်သွားလိုက်သည်။
မွေးနေ့ရက်မို့ မနက်အစောထပြီး ဘုန်းကြီးဆွမ်းလောင်းရမည်။ ဒါပေမယ့် ညဥ့်နက်မှ အိပ်ပျော်သွားတာကြောင့် မနက်အစောမနိုးပဲ မေမေ လာနှိုးမှ အိပ်ချင်မူးတူးနဲ့ နိုးလာရ၏။
ကုသိုလ်ယူနေရတဲ့အချိန်မှာ စိတ်ကြည်လင်ရပေမယ့် ဆွမ်းလောင်းပြီးလို့ ကိုယ့်အခန်းဆီ ပြန်ရောက်ချိန်မှာတော့ ညကတည်းက တအုံ့နွေးနွေးနဲ့ မကျေမနပ်စိတ်က ပြန်ရောက်လာရပြီ။
ဘီရိုတံခါးကို အကြမ်းပတမ်း ဖွင့်လိုက်ပြီး မြန်မာအင်္ကျီကို Over sized Teeတထည်၊ ဒူးဖုံရုံဘောင်းဘီနဲ့ လဲဝတ်ဆင်လိုက်ကာ အမြင်အာရုံထဲ ရောက်လာတဲ့ အိပ်ရာပေါ်က Doraemonအရုပ်ကို နံရံဆီပစ်ပေါက်လိုက်ပြီးမှ မနက်စာစားဖို့ အောက်ဆင်းခဲ့လိုက်သည်။
" မနက်စာ ဘာစားရမှာလည်း မေမေ... "
" ခေါက်ဆွဲသုပ်လေ.. စားပြီးရင် လာကူဦး.. အိမ်နီးနားချင်းတွေ သွားပေးဦး... "
" ဟုတ်... "
မုန့်တီမကြိုက်ပဲ၊ ခေါက်ဆွဲကြိုက်သူမို့ မေမေက သီးသန့်ပြင်ဆင်ပေးထားသည်။ ခပ်သွက်သွက် စားလိုက်ပြီး မုန့်တီထည့်ထားတဲ့ ဖော့ဘူးတွေကို ခြင်းတောင်းထဲ စီရီထည့်လိုက်သည်။
" ဘာတခုမှလည်း မကူညီဘူး.. မေမေပဲ အကုန်ပြင်ဆင်ချက်ပြုတ်ပေးရတော့.. မေမေပဲ ကုသိုလ်ရမှာ... "
" သား.. ကလေးကို မစစမ်းနဲ့.. မင်းက ဒီချိုင့်နှစ်ချိုင့်ယူပြီး ညီမလေးနဲ့လိုက်သွား.. ဟင်းရည်တွေနော်.. မဖိတ်စေနဲ့.. အပူလောင်မယ်... "
" မွန်မြတ်သန့်စင် အကြောင်းပြုပြီး တအိမ်လုံး ကုသိုလ်ရကုန်ပြီ... "
ကိုယ့်အာရုံနဲ့ကိုယ်မို့ ဘာမှပြန်မပြောတာကို အဟုတ်ထင်ပြီး တလမ်းလုံး လိုက်စနေသည်။ လျစ်လျူရှုခံရမှန်းလည်း သိပုံမပေါ်ပါဘူး။
" ညနေဘာလိုက်ကျွေးမှာလဲ.. ဟမ်... "
" ထမင်းစားပေါ့.. ဘာလို့လိုက်ကျွေးရမှာလဲ... "

YOU ARE READING
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest