Future - 13

521 40 2
                                    

Unicode

မနေ့နေ့လည်ထဲက မန္တလေးကနေ ထွက်ခဲ့ပေမယ့် ကားကိုဖြည်းဖြည်းနှေးနှေးနဲ့ အန္တရာယ်ကင်းအောင် မောင်းနှင်နေတဲ့ တောင်ပေါ်လမ်းကျွမ်းကျင်သူ မောင်ဘုဏ်းသန့်ကြောင့် ‌နေ့လည်စာစားချိန်မတိုင်မှီမှပဲ တောင်ကြီးက ဖေဖေ့အိမ်ကို ရောက်ရတော့သည်။

နေ့လည်စာစားအပြီးမှာ ဧည့်ခန်းမှာပဲ ဖေဖေနဲ့စကားပြောဖြစ်ကြသည်။ ဘုဏ်းသန့်ရဲ့ အာချောင်မှုကြောင့်ပဲ စိတ်ကူးထားတဲ့ အနာဂတ်planအကြောင်း ဖေဖေသိသွား၏။

" ဘုဏ်းသန့်က Masterဆက်တက်မှာပေါ့.. သားကရော... "

" သားရော.. ဆက်တက်မှာကတော့ သုံးယောက်လုံးပဲ.. Job Experienceရအောင် အရင်အလုပ်၀င်ဦးမယ်... "

" ဟ.. မင်းတို့သုံးယောက်က ဆန်းတော့ဆန်းသားပဲ.. ပေါင်းလည်းပေါင်းမိကြတယ်.. ငယ်တုန်းအပျော်လေးလည်း ရှာကြဦး... "

" ဒါက ကျွန်တော်တို့အတွက် အပျော်ပဲဗျ.. ဒီလိုမျိုး စာသင်ရတာ.. Assignmentလုပ်ရတာကိုက ပျော်စရာကောင်းတာ.. ပညာတွေ သင်ချင်တယ်.. တိုင်းပြည်အတွက် ပြန်အကျိုးပြုချင်တယ်.. ဒါပါပဲ... "

ဘုဏ်းသန့်ရဲ့ စကားကို တဟားဟားရယ်နေတဲ့အသံတွေဟာ ဥက္ကာနဲ့သူ့ဆီကသာ ဖြစ်သည်။

ခွေးကောင် ပါးစပ်ပါတိုင်း ပြောနေတာ။

" လျှောက်ပြောနေတာ.. Arsenalကြိုက်လို့.. Emirates Stadiumထဲ သွားချင်တာ တပိုင်းသေနေတဲ့ကောင်ကများ... "

" မင့်တို့ကောင်တွေက ဒါပဲ.. အနှောက်တွေ.. သူများကြိုးစားရင် အားပေးမယ်မရှိပဲ.. လိုက်ဖျက်ဆီးမယ်ပဲ တွေးနေတာ... "

ဖေဖေက ပြုံးရင်းသာ သူတို့စကားဝိုင်းကို နားထောင်နေသည်။ သားအရွယ်တွေနဲ့ လိုက်လျောညီထွေရှိပေမယ့် မေမေနဲ့ဘာလို့အဆင်မပြေလည်း သေချာနားမလည်ပါ။

ဖြစ်နိုင်တာကတော့ မေမေ့ရဲ့ အတောမသတ်နိုင်တဲ့ လိုအင်ဆန္ဒတွေကြောင့် ဖြစ်ပါလိမ့်မည်။

ဖေဖေနဲ့နှစ်ယောက်ထဲ စကားပြောဖို့ အချိန်ရချိန်မှာတော့ ဖေဖေက ကျောင်းလခအတွက် စိတ်ပူဖို့မလိုကြောင်း ပြောလာ၏။

ICY : Sugar Free Ice Cream Donde viven las historias. Descúbrelo ahora