Laptop Screenမှာ အာရုံစူးစိုက်ထားတဲ့ မျက်မှန်နဲ့အစ်ကိုကြီးကို ငေးကြည့်နေရင်း ဖြတ်ခနဲဆိုသလို မေးခွန်းတခုပေါ်ပေါက်လာသည်။
" Dream Jobက ဘယ်မှာ... "
" NASAမှာ... "
နှစ်ခါလောက်မေးလိုက်ရမယ် ထင်ထားပေမယ့် ချက်ချင်းဆိုသလို ပြန်ဖြေပေးလာတာကြောင့် ကွန်ဖီးဒန့်လယ်ဗယ်ဆိုးဟိုက်သွားရ၏။ ပြီးတော့ မျက်မှန်အောက်က အကြည့်တချက်နဲ့တင်လည်း နှလုံးခုန်နှုန်းက မြန်ဆန်လာရလေသည်။
" အခုအထိလား... "
" အခွင့်အရေးရရင်ပေါ့... "
ကိုကို့ပြောစကားအရ ဒီမြေဒီရေကို စွန့်ခွာဖို့အစီအစဉ်မရှိသေးကြောင်း သဘောပေါက်လိုက်သည်။ အခွင့်အရေးသာရခဲ့ရင် ဥရောပကနေ အမေရိကထိ ခြေဆန့်ဖိုပြင်နေတဲ့ ကိုကိုပါလား တွေးမိတော့ အတွေးပေါင်းမြောက်မြားစွာ ဖြန့်ကျက်သွားရတော့သည်။
Master's Degreeတင်မကပဲ Ph.Dပါ ယူချင်ပါတယ်ဆိုရင်လည်း ခွင့်ပြုပေးဦးမည်။ ကိုကို့ရဲ့ဂုဏ်ဒြပ်မှန်သမျှဟာ သူမအတွက် ဂုဏ်ယူစရာမို့ သေချာတာကတော့ တားမြစ်ဖို့စိတ်ကူးမရှိ။
အချိန်ဘယ်လောက်ကြာတဲ့အထိ ဖြစ်နိုင်ချေရှိတဲ့အကြောင်းအရာတွေကို ဘက်ပေါင်းစုံ၊ ရှုထောင့်မျိုးစုံကနေ စဉ်းစားမိသွားလည်း မသိ။ စိတ်နဲ့လူနဲ့ ပြန်ကပ်မိချိန်မှာတော့ ကိုကိုက Laptopကို ပိတ်ပြီး မျက်မှန်ကို ချွတ်လိုက်ပြီဖြစ်သည်။
" အမေရိကကို သွားရင် ငါရောလိုက်ရမှာလား... "
" နိုး... "
" ဘာလို့လဲ... "
" သွားမှာမဟုတ်လို့လေ... "
" ဘာလို့လဲ... "
" ဒီအတိုင်း.. အိမ်ပဲပြန်ပြီး ဖေဖေ့အနားပဲ နေတော့မလားလို့.. အလုပ်လုပ်ရတာ ပင်ပန်းတယ်... "
" လျှောက်ပြော... "
ကိုကိုလား သူတက်ထားတဲ့ပညာတွေ အသုံးမချပဲ နေနိုင်မှာ။ ဒါပေမယ့် နေမယ်ဆိုရင်လည်း ဖြစ်တဲ့အခြေအနေပါပဲလေ။ Backgroundကောင်းရင် ဘာပဲဖြစ်ချင်ဖြစ်ချင်၊ ဘာအလုပ်ပဲလုပ်နေပါစေ၊ အကုန်တင့်တယ်နေတာပဲကို။

YOU ARE READING
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest