စနေနေ့ညနေတိုင်း ကော်ဖီဆိုင်မှာ ရှိတက်ကြပြီး တနင်္ဂနွေမနက်တိုင်း မနက်စာအတူတူစားလေ့ရှိသည်။ စောရင် မနက်ခုနှစ်နာရီခွဲ၊ နောက်ကျရင် မနက်ရှစ်နာရီခွဲ အချိန်တွေမှာ။
ဒီနေ့တော့ ကိုကိုဟာ တက်ကြွလန်းဆန်းမှုမရှိပဲ၊ အိပ်ချင်မူးတူးနဲ့ မှုန်ကုပ်ကုပ်ရုပ်လေးနဲ့ ဖြစ်နေ၏။
အကြောင်းကတော့ ဘောလုံးပွဲကြည့်ရင်း ညဥ့်နက်သွားတာ၊ ဒါမှမဟုတ်ရင် ဂိမ်းဆော့နေလို့ အိပ်ရာဝင်ချိန်နောက်ကျတာဖြစ်မည်။
" ညက ဘယ်အချိန်အိပ်တာလဲ... "
" နှစ်နာရီလား.. သုံးနာရီလားမသိဘူး... "
" ခေါင်းနောက်နေလား... "
" အွန်း.. အိပ်ချင်နေတာ.. လက်ဖက်ရည်မှာလိုက်မယ်... "
အိပ်ရာကနေ အသည်းအသန်ထ၊ ရေအမြန်ချိုးအဝတ်စားလဲပြီး မနက်စာစားဖို့ အပြေးအလွှားရောက်လာသူမို့ ဆံပင်တွေပင် ရေသေချာမခြောက်သေး။
" Shavingမလုပ်ဘူးလား... "
" အရှည်ထားမလို့... "
နှုတ်ခမ်းအပေါ်က ခပ်ရေးရေး hairတို့ကို ပွတ်သပ်ရင်း ရယ်ကျဲကျဲနဲ့ ဖြေလာ၏။ ချစ်စရာလေးမို့ ဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်လိုက်သည်။
တွေ့ဖြစ်တဲ့ weekendတိုင်းမှာ ကိုကို့ကို ဓာတ်ပုံမရိုက်ရရင် မနေနိုင်ပါ။ မတွေ့ဖြစ်တဲ့ weekdayတွေမှာ ဓာတ်ပုံကနေ အားအင်တွေ ယူရတာကြောင့်ဖြစ်သည်။
ကိုကိုကတော့ ဓာတ်ပုံရိုက်လေ့မရှိ။ သူက မရိုက်ချင်လို့မဟုတ်၊ တားမြစ်ထားတာကြောင့်။ Bare Faceနဲ့ တွေ့ရဲပေမယ့် ဓာတ်ပုံရိုက်ဖို့တော့ ငြင်းဆန်မိသည်။
" ကိုကို.. တနင်္ဂနွေမနက်မဟုတ်ပဲ တနင်္လာမနက်ကို ပြောင်းရအောင်.. နှစ်ယောက်လုံး မနက်စာပြီးမှ အလုပ်သွားရင် ရတာပဲ... "
" အင်း.. မနက်ဖြန်မနက်ကျ ဘာစားမလည်း... "
" မဟုတ်ဘူးလေ.. ကိုကို အိပ်ရေးဝအောင် ပြောနေတာကို... "
ဘာမှပြန်မပြောပဲ လာချပေးတဲ့ မြီးရှည်ကို တူနဲ့နှံ့စပ်အောင်နယ်နေသည်။ ကိုကိုက မြီးရှည်ကြိုက်ပေမယ့် သွေးတိုးတက်တာမို့ ရံဖန်ရံခါပဲ စားလေ့ရှ်ိသည်။
YOU ARE READING
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest