Sunrise - 25

585 43 4
                                    

အိပ်ရာအပြောင်းအလဲကြောင့်လားမသိ၊ မနက်ခြောက်နာရီမထိုးခင်ကထဲကနိုးလာသည်။

ပြန်အိပ်ချင်စိတ်လဲ မရှိသလို၊ အခန်းထဲမှာလဲ နွေးထွေးနေရတာကြောင့် မျက်နှာသစ်ပြီးတာနဲ့ တခါတည်း ရေချိုးလိုက်သည်။

ရေချိုးပြီးချိန်မှာ မြတ်နိုးလဲ အိပ်ရာကနိုးနေပြီဖြစ်သည်။

" ရေချိုးတာလား.. မအေးဘူးလား... "

" မအေးဘူး.. ရေပူရတယ်.. ပြန်အိပ်ဦးမှာလား... "

" ထတော့မယ်.. ငါလဲ ရေချိုး‌မယ်.. ရေချိုးပြီး ပြီးတာပဲ.. အေးပေမယ့် နေ့လည်ပိုင်းကျ လူက အိုက်စပ်ကြီးနဲ့ ငြီးစီစီဖြစ်နေမှာ... "

" အွန်း... "

အိပ်ပျော်နေတဲ့နှစ်ယောက်ကြောင့် စကားပြောသံတို့က ခပ်တိုးတိုးသာ။

" နင် ဘာဝတ်မှာလဲ... "

" ဘောင်းဘီရှည်ပဲ.. ဘုရားသွားဦးမှာမလား... "

" အွန်း.. ငါရဲ့ ဟူဒီနဲ့စကပ်ကတော့ အိမ်နေရင်းပဲ ဝတ်ရတော့မယ် ထင်ပါတယ်... "

Simple is the bestဆိုတာကိုသာ နှလုံးမူပြီး Polo Crop Top and Jeans pantsကိုသာ ရွေးချယ်လိုက်သည်။

မီးမဖွင့်ထားတာကြောင့် အခန်းအတွင်းက မှောင်နေသေး၏။ အဝတ်အစားလဲပြီးမှ မီးဖွင့်လိုက်သည်။

ဒါဟာ အရင်ကထဲက ဟိုတယ်မှာ တည်းတိုင်း၊ သူများအိမ်မှာ တည်းခိုဖြစ်တိုင်း စိတ်မလုံခြုံမှုကြောင့် လုပ်ဖြစ်နေတဲ့ အကျင့်လို့ပဲ ပြောရမည်။

ပြတင်းတံခါးလိုက်ကာကို ဖွင့်လိုက်တာနဲ့ စိမ်းစို‌လှပနေတဲ့ မြင်ကွင်းက စီးကြိုနေ၏။

မျက်လုံးဝေ့ကြည့်လိုက်တော့ Cottageရဲ့ ခြံစည်းရိုးဖြူဖြူကို မှီပြီး စီးကရက်သောက်နေတဲ့ ကိုကို့ကို တွေ့လိုက်ရသည်။

အခန်းတံခါးကို အသံမကြားရအောင် ညင်သာစွာဖွင့်လိုက်ပြီး ခြေသံလုံလုံနဲ့ ကိုကို့ဆီသွားလိုက်သည်။

အနားရောက်ကာနီးမှာပဲ ဖျတ်ခနဲ လှည့်ကြည့်လာသူကြောင့် Mission Failedသွားရပြီ။

" ဘာလို့လှည့်ကြည့်တာလဲ... "

" ဆွဲငင်အားတွေ ရှိနေလို့... "

ICY : Sugar Free Ice Cream Where stories live. Discover now