Chapter 146(U&Z)

3.1K 94 3
                                    

(မင်းက ဒီရောက်နေတာပဲ.. ငါ့မှာ စောင့်နေရတာ ကြာလှပြီတွေ လုပ်ကုန်ပြီ😅😅

ဟုတ် CaCa ဒီဘက် ရောက်နေတာပါရှင့်😁😁)

Unicode

အခန်း(၁၄၆)ဉက္ကဌချန်၏ချစ်သူကောင်လေးပါဝါ ပွင့်အန် ထွက် လာခြင်း -၁

ရက်အနည်းငယ်အတွင်းမှာ <<ရှင်သန်လာသောနန်း တော်>>အတွက် အမျိုးသားဇာတ်လိုက်ကို နောက်ဆုံး ဆုံးဖြတ်ပြီးစီးခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူတို့က ရွှီချုံခွင်လို့ ခေါ်တဲ့ မြို့တော်ရုပ်ရှင်အကယ်ဒမီ၏ ဘွဲ့ရ တစ်ဉီးဖြစ်သူ B အဆင့် သရုပ်ဆောင်တစ်ယောက်ကို ရွေးချယ်ခဲ့ကြသည်။ ထိုသူသည် ကောင်းမွန်သော ရုပ် ရည်၊ ကောင်းမွန်သော သရုပ်ဆောင်အရည်အချင်းတွေ နှင့် ပရော်ဖက်ရှင်နယ်နောက်ခံတစ်ခုမှ လာသောသရုပ် ဆောင်တစ်ဉီးဖြစ်၏။ သူသည်လည်း ရွှီချောင်ရန်နှင့် ယှဉ်လို့ရလောက်အောင် ကျော်ကြားသည်။

ဇာတ်ကောင်အတွက် သင့်တော်သူကို အတည်ပြုပြီး နောက် သူတို့သည် သူတို့၏ တရားဝင်ဘလော့ပေါ်မှာ ရှေးခေတ်ဝတ်စုံနှင့် အမျိုးသားဇာတ်လိုက်အသစ်ရဲ့ ဓာတ်ပုံကို ပို့စ်တင်ခဲ့ကြသည်။

အမျိုးသားဇာတ်လိုက်နှစ်ယောက်ဖြစ်သွားခဲ့ရာ သူ တို့ကို နှိုင်းယှဉ်ကြတော့မည်မှာ မလွဲဧကန်ပင် ဖြစ်တော့ သည်။ ရွှီချောင်ရန်သည် လူသိများကျော်ကြားပြီး သူ၏ အရည်အချင်းတွေကလည်း ကောင်း၏။ သို့သော် ကံ ကောင်းထောက်မစွာဖြင့် ရွှီချုံခွင့်ကလည်း အရည်အချင်း ပြည့်ဝပြီး နာမည်ကျော်ကြားသူပဲဖြစ်သည်။ ပိုဆိုးသည် က ရွှီချုံခွင့်မှာက ရွှီချောင်ရန်ထက် ပိုမိုကြီးမားသော အကျိုးကျေးဇူးကြီးတစ်ခု ရှိနေခဲ့တာပင်။ ရွှီချောင်ရန် သည် သူ၏အေးဂျင့်အစ်ကိုဝမ်မှ လမ်းပေါ်ကနေ Pick up လုပ်ခြင်းခံခဲ့ရစဉ်မှာ ရွှီချုံခွင့်သည် ရုပ်ရှင်အကယ်ဒမီ တစ်ခုမှ ဘွဲ့ရရှိခဲ့သည့် မည်မည်ရရသရုပ်ဆောင်တစ်ဉီး ဖြစ်နေခဲ့သည်။ သူ(ရွှီချောင်ရန်)၏ ထူးခြားသောရုပ်သွင် နှင့်ကံကောင်းမှုကြောင့် Web Drama တစ်ခုမှာ ကြယ် ပွင့်တစ်လက် ဖြစ်နိုင်ခဲ့ပြီး အဲ့သည့်ချိန်မှစ၍ ပေါ်ပျူလာ ပုံရိပ်တစ်ခု ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် တကယ် ကြီး သက်မွေးမှုအလုပ်ကို လေ့လာခဲ့သောကျောင်းသား တစ်ယောက်နှင့် ယှဉ်လိုက်သောအခါမှာတော့ သူသည် အများကြီး နောက်ကျကျန်ခဲ့ဆဲပင်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now