Chp 192 (U&Z)

1K 92 6
                                    

Unicode

အခန်း(၁၉၂)အိမ်မက်ဆိုး-၂

"သူမကို ကောင်းကောင်းပြုစုလိုက်"လို့ သူမကပြော ခဲ့သည်။

ထိုအခါ အနှီရွံရှာဖွယ်ကောင်းသော ယောက်ျားများ ၏လက်တွေသည် စုယာယာ၏ကိုယ်ပေါ် လှမ်းလာကြ ၏။ ပထမဉီးဆုံးအကြိမ် စုယာယာ၏ခန္ဓာကိုယ်အား ညစ်ပတ်ကြမ်းတမ်းနေသည့် လက်တစ်ဖက်က ထိတွေ့ လာသည်နှင့် စုယာယာသည် စူးနေအောင် အော်ဟစ်မိ တော့၏။

ထိုစဉ်မှာ ချန်ရှုံ့ချီက အန်ယွီထုန်အား သူမ ဘာလုပ် နေသလဲဟု ဖုန်းဆက်၍မေးလာခဲ့သည်။ အန်ယွီထုန်က ဖုန်းထဲမှာ ရှုံ့ချီ၏နာမည်ကို ချိုသာစွာခေါ်လိုက်သည် အား စုယာယာကြားလိုက်ရ၏။ သူမသည် လုပ်စရာ ကိစ္စလေးတစ်ခုရှိနေလို့ ဖြစ်ကြောင်းနှင့် မကြာခင် ပြန် ရောက်တော့မည်ဖြစ်ကြောင်း ပြောပြနေခဲ့သည်။

ထိုအချိန်မှာ စုယာယာသည် မည်သည့်နေရာမှ သတ္တိများ ရလာခဲ့သလဲတော့မသိပေ။ ဖြစ်နိုင်သည်က နောက်ဆုံးအခွင့်အရေးအဖြစ် ရှင်သန်ဖို့ရာ အလိုလို အသိစိတ်က တုံ့ပြန်လိုက်တာပဲဖြစ်ရမည်။ အန်ယွီထုန် ဆီ အသည်းအသန်ပြေးသွား၍ အဆုတ်ကွဲအောင် အော် ဟစ်ကာ ချန်ရှုံ့ချီ၏နာမည်ကို ထပ်တလဲလဲ ခေါ်နေခဲ့ရင်း သူမကိုကယ်ပေးဖို့ တောင်းဆိုနေခဲ့သည်။ သူမကို ကယ် ပေးဖို့ အသနားခံနေခဲ့သည်.....

အန်ယွီထုန် ဖုန်းချလိုက်သည်ကပဲ မြန်လေသလား။ ဒါမှမဟုတ် ချန်ရှုံ့ချီကပဲ သူမ၏အသံကို လုံးဝမကြား လိုက်လေခြင်းလာတော့မသိ။ အတိုပြောရလျှင်တော့ နောက်ဆုံးတိုင် ချန်ရှုံ့ချီသည် ပေါ်မလာခဲ့ပါ။

အန်ယွီထုန်သည် ဖုန်းချလိုက်ပြီးနောက် ထိုရွံရှာ စက်ဆုပ်ဖွယ် ယောက်ျားများအား စကားတစ်ခွန်းထဲ ပြောခဲ့၏။ "ပျော်ပါးကြတော့" ဟုပြော၍ သူမသည် လှည့် ထွက်သွားခဲ့တော့၏။

စုယာယာသည် သူမ(အန်ယွီထုန်)၏လက်ထဲက ဖုန်း ကို စိုက်ကြည့်နေရင်း၊ နောက်ဆုံးမြင်ကွင်းမှ ပျောက် ကွယ် မသွားခင်အထိ ထိုဒေါက်မြင့်ဖိနပ်နှင့် ဂိုဒေါင်ထဲမှ ကြော့ကြော့မော့မော့ ထွက်သွားသော ထိုသူမအား လိုက်ကြည့်နေရင်းဖြင့် မျက်ရည်များ စီးကျနေခဲ့ရသည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Hikayelerin yaşadığı yer. Şimdi keşfedin