Unicode
အခန်း(၁၅၁)မတော်တဆ-၁
သူမ၏ သေးသေးသွယ်သွယ် လက်ချောင်းလေးများ ကို မြင်သောအခါ ချန်ရှုံ့ချီသည် ဘာလုပ်ရမည်မှန်း သိသွားခဲ့သည်။
"အိုကေ"
စုယာယာက ခေါင်းညိတ်ပြနေသည်မှာ ဟမ်းစတား သေးသေးလေးတစ်ကောင် ပျော်မြူးနေသည့်အတိုင်း ပင်။
ချန်ရှုံ့ချီက သူမကို အလေးအနက် ပြောလာခဲ့၏။
"မင်းလေးပျော်နေသရွေ့ ပမာဏဆိုတာ အရေး မကြီးဘူး.. ပိုက်ဆံရပြီးသွားရင် ကြိုက်တာအကုန်ဝယ်"
"ရှင်ပြောတာ မှန်တယ်, ဟန်နီ"
စုယာယာက မဆိုင်းမတွ သဘောတူလိုက်သည်။
"အဲဒါဆို ကိုယ်ဖုန်းချလိုက်တော့မယ်နော်.. ခဏနေ ရင် အစည်းအဝေးရှိတယ်"
ချန်ရှုံ့ချီက သူမကိုပြော၏။
"အိုကေ, အာ့ဆို ဘိုင့်ဘိုင်"
အပြုံးချိုချိုလေးတစ်ပွင့်နှင့် စုယာယာက ဗီဒီယို ကောလ် တစ်ဖက်ဆီမှသူ့ကို လက်ယမ်းပြနေသည်။
ဖုန်းခေါ်ဆိုမှု ပြီးသွားသောအခါ စုယာယာသည် အခြားပစ္စည်းတွေကို သွားရှင်းသည်။ ထို့နောက် မိနစ် ၂၀ တောင် မကြာလိုက်သည့်အချိန်မှာ သူမ ဖုန်း၏Noti ဘဲလ်သံမြည်လာခဲ့၏။
သူမက အိပ်ရာဆီသို့သွားလိုက်ပြီး ဘဏ်မှပို့လာ သောမက်ဆေ့ချ်ကို ကြည့်ရအောင် ဖုန်းဖွင့်လိုက်သည်။
ချစ်လှစွာသောအသုံးပြုသူစုယာယာ, **** နှင့်အဆုံး သတ်သော သင့်ရဲ့အကြွေးဝယ်ကဒ်ကို ယွမ် ၃၀၀,၀၀၀
လွှဲပြောင်းမှုတစ်ခု လက်ခံရရှိထားပါသည်။ ....
စုယာယာ:"...."
သူမ မက်ဆေ့ချ်ကို စိုက်ကြည့်နေပြီး သုညအလုံး အရေအတွက်ကို အသည်းအသန် အကြိမ်ပေါင်းများစွာ ရေတွက်ကြည့်မိသည်။ တကယ်ပဲ ယွမ်သုံးသောင်း မဟုတ်ဘဲ ယွမ်သုံးသိန်းဆိုတာကို အတည်ပြုပြီးနောက် သူမ ဆွံ့အသွားမိသည်။
ငါထင်တာက မုန့်ဖိုးပေးတာလို့လေ? ငါပျော်နေ သရွေ့ ပမာဏက အရေးမကြီးဘူးလို့ သူပြောခဲ့သလား လို့လေ? သူမကို ဒီလောက် ပိုက်ဆံအများကြီးပေးပြီး ဝယ်ချင်တာဝယ်လို့တောင် ပြောလိုက်သေးတယ်။ အခု ချက်ချင်းပဲ ကောင်တီသေးသေးလေးတစ်ခုကို သွားပြီး အိမ်တစ်လုံးစာ ငွေလက်ငင်း သွားချေလိုက်လို့ရတယ်။