Chp 203 (U&Z)

1.1K 90 10
                                    

Unicode

အခန်း (၂၀၃)အနုပညာလောကမှ နုတ်ထွက်ခြင်း-၁

စုယာယာသည် ဟိုတယ်ကိုပြန်လာခဲ့ပြီး မွေးရပ် မြေသို့ပြန်ဖို့ရာ နောက်နေ့အတွက် လေယာဉ်လက်မှတ် ကို လိုင်းပေါ်ကနေ လှမ်းဖြတ်ခဲ့သည်။ အရင်က သူမရဲ့ မိဘတွေကို လာလည်ဖို့ကတိပေးခဲ့ပေမယ့် အမြဲလိုလို အားလပ်ချိန်မရဖြစ်နေခဲ့သည်။ အချိန်ဇယားကြောင့် အမြဲအချိန်ဆွဲနေခဲ့သည်။ အခုတော့ ကုမ္ပဏီနှင့်စာချုပ် ကို အပြီးသတ်ခဲ့ပြီဖြစ်တာကြောင့် သူမမှာ လုပ်စရာမရှိ တော့ချေ။ လက်ရှိအချိန်မှာ သူတို့ဆီသွားလည်ရင်း အေးဆေးအနားယူလို့ရပြီ။

ဒါ့ထက် အဲ့ကိုရောက်တုန်း သူမ စီးပွားရေးလုပ်ငန်း စတင်ဖို့သင့်တော်သည့်နေရာမျိုး ရှိမလားကြည့်လို့ရ၏။ သူမသည် ချန်ရှုံ့ချီနှင့်အနုပညာလောကကို စွန့်ခွာလာ ခဲ့သော်လည်း ဟိုစဉ်က သူမ ချမှတ်ခဲ့သောပန်းတိုင်ကို တော့ အောင်မြင်မှုရအောင်လုပ်ဖို့ လိုအပ်သည်လေ။ တကယ်တော့ ဟိုးအရင်ကတည်းက တွေးထားခဲ့ပြီး သားပင်။ ထိုစဉ်တုန်းက လုပ်နိုင်စွမ်းမရှိခဲ့သလို ငွေကြေး လည်း မပြည့်စုံခဲ့ချေ။ အခုတော့ သူမချမ်းသာနေပြီဆို တော့ စိုက်ပျိုးခရီးသွားလုပ်ငန်းကို စလို့ရပြီ။

{Agritourism(စိုက်ပျိုးခရီးသွားလုပ်ငန်း): စာတစ် ကြောင်းဖြင့်ဖော်ပြရလျှင် ခရီးသွားဧည့်သည့်များကို သဘာဝတရားနှင့်ထိတွေ့လို့ရအောင်လုပ်ပေးပြီး ဒေသ အစားအစားများကိုလည်း လက်တွေ့အတွေ့အကြုံရ စေသည့် ခရီးသွားလုပ်ငန်းမျိုး။}

စုယာယာသည် ဟိုတယ်သို့ပြန်လာ၍ တစ်နေကုန် အိပ်နေခဲ့သည်။ နောက်တစ်နေ့ မနက်ခင်းမှာတော့ ပစ္စည်းများကို သိမ်းဆည်းထုပ်ပိုး၍ လေဆိပ်သို့ဆင်းခဲ့ သည်။

လေယာဉ်ပေါ်တက်ခါနီးသောအခါ Weiboပေါ်မှာ စာတင်၍ လေယာဉ်ဝန်းထဲမှ ဓာတ်ပုံတစ်ပုံ တင်လိုက် သည်။ သူမကြေညာထားသည်က: အနုပညာလောက ကြီးထဲက ထွက်ပြီး ခရီးသွားဖို့ စီစဉ်ထားတယ်.. ယာယာ အတွက် စိတ်မပူကြပါနဲ့။ ထိုသို့ ရေးတင်ပြီးနောက် ဖုန်း စက်ပိတ်လိုက်တော့သည်။

အသက်ကို ရှူထုတ်၍ ခရီးဆောင်အိတ်ကို သယ်ပြီး လေယာဉ်ပေါ်တက်ခဲ့တော့သည်။ သူမရဲ့ထိုင်ခုံကို ရှာ တွေ့ခဲ့ပြီးနောက် နေရာယူခဲ့သည်။ လေယာဉ်စတင် ပျံသန်းချိန်မှစ၍ အိပ်လိုက်ခဲ့သည်။ နာရီအနည်းငယ်ခန့် သာ ရှည်လျားသည့်ခရီးစဉ်ဖြစ်ခဲ့တာကြောင့် ခရီးစဉ် တစ်လျှောက်လုံး အိပ်လိုက်လာခဲ့သည်။ လေယာဉ်ဆင်း သည့်အချိန်မှာ သူမနိုးလာခဲ့၏။ ရီဝေနေဆဲဖြစ်ရာ သိပ် တောင် မစီးလိုက်ရသလို ခံစားနေရသည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now