Chp 256-260 (Unicode)

1.1K 66 3
                                    

အခန်း(၂၅၆) I will wait for you-1

အန်ယွီထုန်သည် အတော်လေးဆိုးဆိုးဝါးဝါး ထိခိုက် ထားပြီး အသက်တမျှ အရေးကြီးနေသောအခြေအနေ ဖြစ် သည်။ ချန်ရှုံ့ချီ အသိစိတ်ပြန်ဝင်လာချိန်မှာတော့ သူမကို ဆေးရုံသို့ ပို့ပေးပြီးသွားပြီဖြစ်၏။

ဆေးရုံတွင် ဆရာဝန်က သူမကို စစ်ဆေးမှု ပြုလုပ်ခဲ့ ၏။ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေနှင့်ပြည့်နှက်နေခဲ့ပြီး သူမခန္ဓာကိုယ်၏ ဘယ်အစိတ်အပိုင်းကမှ အကောင်း အတိုင်း မကျန်ပေ။ သူမကို ကြည့်ရသည်မှာ ရင်နှင့်ဖွယ် ပါပဲ။

အန်ယွီထုန်သည် ဆေးရုံကုတင်ပေါ်မှာ လှဲနေပြီး ချန်ရှုံ့ချီ၏အင်္ကျီလက်ကို ဆွဲထားကာ အငိုမရပ်တော့ပေ။ ခေါင်းကို ငုံ့ထားကာ တတွတ်တွတ်ရွတ်နေသည်။

"ရှုံ့ချီ,ရှုံ့ချီ, ငါ့ကို မထားခဲ့ပါနဲ့.. မထားခဲ့ပါနဲ့.. ငါ အရမ်းကြောက်လို့ပါ.. အူး......"

ချန်ရှုံ့ချီသည် မျက်နှာတစ်ပြင်လုံးအပြည့် ပွန်းပဲဒဏ် ရာတွေနှင့် သူမကိုကြည့်နေသည်။ လူတစ်ယောက်ဟာ ဗြုန်းစားကြီး ဒီလိုကံဆိုးမိုးမှောင်ကျသွားရသတဲ့။ မြင်တဲ့ သူတိုင်း ကြည့်နေရက်မည်မဟုတ်ပေ။

နေ့လည်ခင်းတုန်းက သူ့ဗီလာကနေ သူမ ပြန်သွားခဲ့ သောအချိန်ကို ပြန်တွေးမိ၏။ သူမသည် စိတ်ဆိုးဒေါသ ထွက်နေကာ သူ နောင်တရလိမ့်မည်ဖြစ်ကြောင်း အော် ပြောသွားခဲ့သည်။ သေချာပေါက် သူ နောင်တရပါသည်။

အခု သူ့ရှေ့တွင်ရှိနေသော အန်ယွီထုန်ကို ကြည့်ကာ သူတကယ်ပဲ သနားမိပါသည်။ တစ်ခုခုမှားယွင်းနေခဲ့တာ ကို စောစီးစွာ သတိပြုမိခဲ့ပါလျှင် သူမကို ကူညီပေးခဲ့မိမှာ ပါ။ တကယ်ဆို သူမဟာ တစ်ချိန်က သူ ချစ်မြတ်နိုးခဲ့ဖူး သူတစ်ယောက်ပဲလေ။ သူမကို ဒီလိုပုံစံနှင့် မမြင်ချင်ခဲ့ပါ။

အန်ယွီထုန်ကို ပြန်ပေးဆွဲခဲ့သူကို ရှာတွေ့ပြီဖြစ် ကြောင်း ချန်ရှုံ့ချီအား အကြောင်းကြားလာ၏။ ချန်ရှုံ့ချီ သွားတွေ့ခဲ့သည်။ ပြန်ရောက်လာချိန်မှာတော့ သူ့မျက် နှာအမူအရာ သိပ်မကောင်းလှပေ။ ဖုန်းက မြည်လာခဲ့ပေ မယ့် မကိုင်ခဲ့ချေ။ စုယာယာ၏ ဒုတိယအကြိမ်မြောက် ခေါ်ဆိုမှုကျမှသာ ကိုင်လိုက်၏။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now