Chp 197 (U&Z)

1.1K 100 15
                                    

Unicode

အခန်း(၁၉၇) လက်ထပ်ခွင့်တောင်းခြင်း-၃

"ယာယာ အဆင်ပြေရဲ့လား?"

ချန်ရှုံ့ချီက ထပ်မေး၏။ စုယာယာ၏အမူအရာကို သူနားမလည်နိုင်ပါ။ စုယာယာကတော့ သူမငိုယိုကာ အကူအညီတောင်းခံနေခဲ့သော မြင်ကွင်းများကို မြင် ယောင်နေဆဲဖြစ်သည်။ သူမ၏စူးစူးရှရှငိုသံတို့က နားထဲ ပဲ့တင်ထပ်လာခဲ့ပြီး မျက်နှာက ဖြူစုတ်နေခဲ့တော့သည်။ ချန်ရှုံ့ချီကို မျက်စိတစ်ချက်ဝေ့ကြည့်ကာ ကြောင်အမ်း အမ်းနှင့် ရုပ်ဆိုးဆိုးအပြုံးတစ်ခု သူမမျက်နှာပေါ် ရေး ဆွဲလိုက်သည်။

"အန်ယွီထုန်ကို လက်ထပ်ခွင့်တောင်းဖို့အတွက် ယာယာနဲ့ အစမ်း လာလေ့ကျင့်နေတာလား? သူမ ဒီနေ့ ပြန်ရောက်လာပြီး ရှင့်ကို လာရှာတာ ကျွန်မတွေ့လိုက် တယ်"

ချန်ရှုံ့ချီသည် မျက်ခုံးတို့ကို တွန့်ချိုးထား၏။ သူ သူမ၏စကားလုံးများကို နားမလည်နိုင်ချေ။ သူမကို လက်ထပ်ခွင့်တောင်းတာ အန်ယွီထုန်နဲ့ဘာဆိုင်လို့လဲ? ။ အန်ယွီထုန်က သူ့ဆီလာတွေ့တာကို သူမမြင်ခဲ့တာ လား ? ဒါပေမယ့် သူနဲ့အန်ယွီထုန်ကြား ဘာမှမှမဖြစ်ခဲ့တာ။ ရွှီခိုင်နှင့်အခြားသူတွေလည်း အတူရှိနေခဲ့သည်လေ။ သူမက ဘယ်လိုလုပ် သူနဲ့အန်ယွီထုန်ကို ဆက်စပ်မိသွား တာလဲ?

"ဘာကို ဆိုလိုတာလဲ?"

ချန်ရှုံ့ချီက စိတ်ရှုပ်ရှုပ်နှင့် မေးသည်။

"အဲသလိုပဲ မဟုတ်ဘူးလား?"

စုယာယာသည် ခေါင်းကိုစောင်းကာ သူမ၏နှုတ် ခမ်းစွန်းတို့က တွန့်သွားခဲ့၏။ စုယာယာအပေါ် အန်ယွီ ထုန် လက်စားပြန်ချေခဲ့သောမြင်ကွင်းက သူမစိတ်ထဲ ပြန်ပေါ်လာခဲ့သလို သူမ၏အော်ဟစ်ငိုယိုသံတွေကို လည်း ကြားနေရသည်။ ခေါင်းတွေ တအား ထိုးအောင့် လာခဲ့တော့၏။ မျက်မှောင်ကြုတ်ကာ

"ခင်ဗျားက အန်ယွီထုန်နဲ့ နက်နက်ရှိုင်းရှိုင်းချစ်ကျွမ်း ဝင်နေတာပဲ မဟုတ်ဘူးလား?"

"ဒါက အန်ယွီထုန်နဲ့ ဘာဆိုင်လို့လဲ?

ချန်ရှုံ့ချီ၏အသံက မြင့်လာခဲ့တော့၏။ သူ အတော် လေး ဒေါသထွက်နေပါသည်။ အန်ယွီထုန်၊ အန်ယွီထုန်ပဲ တစ်နေ့လုံး သူ့အစီအစဉ်တွေကို နှောင့်ယှက်နေတာ။ သူ ဒီခံစားချက်ကြီးကို နည်းနည်းလေးမှ မကြိုက်လှ။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now