Chapter 166+167+168(Unicode)

1.1K 83 1
                                    

အခန်း(၁၆၆)အစ်မက အသိသာကြီး သူ့ထက် သာတာ ပေါ့-၁

စုယာယာသည် သူမရဲ့အခန်းတွေ ရိုက်ကူးဖို့ရာ ရိုက်ကွင်းဆီပြန်လာခဲ့သည်။ ချောချောမွေ့မွေ့နှင့် ရိုက် ကူးခဲ့ပြီး နေ့တိုင်းနေ့တိုင်း ရိုက်ကွင်းထဲက လူတွေနှင့် ပျော်ပျော်ရွှင်ရွှင်ပင်ကုန်ဆုံးခဲ့သည်။

အရမ်းကြီး အဆင်မပြေသည့် တစ်ခုတည်းသော အရာက သူမ ချန်ယန်နှင့်အတူ ရိုက်ကူးရတိုင်း သူမ (ချန်ယန်)က သူမရဲ့မီးရောင်ကို ခိုးယူနေတာပင်။ နှစ် ကြိမ်သုံးကြိမ်လောက် ရှိမယ်။ သူမ စကားပြောရမည့် အလှည့်ဆိုပေမယ့် နောက်ဆုံးမှာတော့ ချန်ယန်ကသာ အကောင်းဆုံး ကင်မရာမြင်ကွင်းကို ယူသွားခဲ့သည်။ ကင်မရာထဲမှာ သူမရဲ့မျက်နှာပင် မပေါ်လိုက်ရ။

ဘာပဲဆိုဆို စုယာယာသည် လူသစ်လေးသာဖြစ်၏။ သူမမှာ ကောင်းမွန်သော သရုပ်ဆောင်စကေးလ်တွေ, ပင်ကိုစွမ်းရည်နှင့် ဉာဏ်ရည်ဉာဏ်စွမ်းရှိပေသော်ငြား သူမမှာ ရိုက်ကူးရေးအတွေ့အကြုံ ပြည့်ပြည့်ဝဝ မရှိ သေးပေ။ အစကတော့ ချန်ယန်ဟာ သူမရဲ့ကင်မရာ မြင်ကွင်းတွေကို ခိုးယူနေတယ်လို့သတိမပြုမိခဲ့ချေ။ သို့ သော် အရေအတွက်တိုးလာသည်နှင့်အမျှ သူမတဖြည်း ဖြည်းဖြင့် နားလည်လာခဲ့၏။ ချန်ယန်က တမင်တကာ သူမရဲ့ကင်မရာ မြင်ကွင်းတွေကို ခိုးယူနေခဲ့တာပဲ။

သူမ ဒီအကြောင်းကို သဘောပေါက်နားလည်ခဲ့ပြီး နောက် သူမရဲ့နှလုံးသားထဲမှာ အနည်းငယ်မတရားသလို ခံစားခဲ့ရ၏။ တကယ်ဆို သူမက ချန်ယန်အား သူမရဲ့ စီနီယာတစ်ယောက်အဖြစ် ဆက်ဆံပေးခဲ့ပြီး အများကြီး လေးစားအားကျခဲ့တာ။ ဒါ့အပြင် သူမရဲ့ဇာတ်ကောင် နေရာမှာ အကောင်းဆုံးအရည်အသွေးဖြစ်အောင် သရုပ် ဆောင်ဖော်ပြနိုင်ဖို့ရန်အလို့ငှာ သူမဆီမှာ သင်ယူချင်ခဲ့ သည်။ ချန်ယန်က သူမကို ဒီလိုဆက်ဆံလိမ့်မည်ဟု မည်သူသိခဲ့လိမ့်မလဲ? ရုတ်တရက်အရင်က သူမရဲ့အပြု အမူတွေက တုံးအလိုက်လေခြင်းလို့ ခံစားခဲ့ရပြီး စိတ်ထဲ နေလို့မကောင်းတော့ချေ။

တစ်နေ့တာ ရိုက်ကူးရေးပြီးသွားခဲ့ပြီးနောက် စု ယာယာသည် သူမရဲ့အခန်းဆီ ပြန်လာခဲ့ပြီး မပျော်မရွှင် နှင့် အိပ်ယာပေါ်ထိုင်နေခဲ့၏။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now