Chp 188 (U&Z)

961 81 6
                                    

Unicode

အခန်း(၁၈၈)

ချန်ရှုံချီရဲ့စကားကို နားထောင်ပြီးတော့ ရွှီခိုင်က အန်ယွီထုန်ကို လှမ်းကြည့်ပြီး သူမသည်လည်း ချန်ရှုံ့ချီ ၏ထူးဆန်းနေမှုကို သတိပြုမိလေသည်။ သို့ပေမယ့် ချန်ရှုံချီက ဘာ့ကြောင့် ဒီလိုပုံစံပြုမူနေသလဲဆိုတာ သူမ နားမလည်ခဲ့ချေ။

သူမရဲ့ညီမအန်ယွီထင်ဆီမှ ချန်ရှုံ့ချီသည် သူမနှင့် အတော်လေးတူလှသည့် အစားထိုးတစ်ယောက်ကို ရှာ တွေ့ထားတယ်ဆိုတာကို သူမသိပြီးသားဖြစ်သည်။ သူမ တို့နှစ်ဉီးသည် အရင်းခံအားဖြင့် အတော်လေး ရုပ်ချင်း ဆင်လှပြီး သူက သူမကို အတော်လေး အလိုလိုက်သည် ဟု ကြားထားသည်။

သူက အစားထိုးတစ်ယောက်ကို ဒီလောက်အလို လိုက်နေမှတော့ မူရင်းလူကို ပိုလို့တောင် အလိုလိုက်သင့် သည်မဟုတ်လား? သူမအပေါ် ချန်ရှုံ့ချီ၏အချစ်ကို တွေး လိုက်မိကာ မည်သူ့ကိုမှမပြောကြားဘဲ ဒီကိုပြန်လာဖို့ လေယာဉ်ပေါ် တက်လိုက်လာဖို့ရာ ယုံကြည်ချက် ရှိခဲ့ သည်။ သူမ ရွှီခိုင်နှင့်ဆုံပြီးနောက် ချန်ရှုံ့ချီနှင့်တွေ့ဖို့ရာ သူမကိုလိုက်ပို့ရန် တကျည်ကျည်နားပူခဲ့သည်။ ထို့အပြင် ဆင်ခြေကိုလည်း စဉ်းစားထားပြီးသားဖြစ်သည်။ အားလုံး မတွေ့ရတာကြာပြီမို့ အတူတူဆုံကြမယ်ဟု!

သို့သော် ချန်ရှုံ့ချီ၏တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် ဒီဆင်ခြေက အလုပ်မဖြစ်ချေ။ ချန်ရှုံချီသည် စိတ်မဝင် စားဟန်ဂရုမစိုက်ဟန် တုံ့ပြန်ခဲ့သည်။ သွားစရာကိစ္စရှိ၍ အလွန်အလုပ်များနေသည်ဟုပြောမည့်အစား အတူတူ မဆုံချင်ဘူးဟု ဘာဖြစ်လို့မပြောလဲ? အခြေခံအားဖြင့် တော့ မတက်ရောက်ချင်လို့ ဆင်ခြေရှာခြင်းသာ။ ယုတ္တိ ရှိမနေဘူး။

အန်ယွီထုန် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာ ချန်ရှုံ့ချီက သူမကို မျက်နှာသာမပေးခဲ့ချေ။ သူမသည် ချန်ရှုံ့ချီအား တွေ့ဖို့ ချန်ကုမ္ပဏီဆီလိုက်ပို့ဖို့ ရွှီခိုင်ဆီမှ အခွင့်အရေးရခဲ့သည်။ ဒီတစ်ကြိမ် မအောင်မြင်လျှင် နောက်တစ်ကြိမ်က ဘယ်တော့မှဖြစ်မလဲဆိုတာ ဘယ် သူ သိမှာလဲ။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now