Chp 207 (U&Z)

1.1K 96 8
                                    

Unicode

အခန်း(၂၀၇) ငါ့ကိုအပြစ်တင်နေသေးလားဟင်?-၁

ချန်ရှုံ့ချီသည် ရွှီခိုင်ဆီ ဖုန်းဆက်ပြီးနောက် စုန်မင် နှင့်ကျောင်ချန်ကွမ်တို့ဆီ ဖုန်းဆက်ခဲ့သည်။ အလားတူ စွာပင် ဆုံနေကြနေရာမှာဆုံကြဖို့ အစီအစဉ်ချခဲ့သည်။ အခုချိန်မှာတော့ သူတို့သုံးဉီးဟာ သူ့ကို ကြောက်နေရ တာကြောင့် မငြင်းဆန်ရဲပေ။ ထို့ကြောင့် အားလုံး သဘောတူလက်ခံခဲ့ရ၏။

ဖုန်းချလိုက်ပြီးနောက် ဖုန်းနှင့်ကားသော့ကိုကောက် ကိုင်၍အပြင်ထွက်ဖို့ရာ ပြင်လိုက်သည်။ သူ တံခါးကို ဖွင့်လိုက်သည်နှင့် အပြင်ဘက်မှာရပ်နေသော အန်ယွီ ထုန်အား မြင်တွေ့လိုက်ရ၏။

"ရှုံ့ချီ"

အန်ယွီထုန်သည် အစကတော့ဖြင့် တံခါးခေါက်မလို့ လုပ်နေပေမယ့် တံခါးက အတွင်းထဲကနေပွင့်လာပြီး ချန်ရှုံချီကို မြင်လိုက်ရသည်။ ချက်ချင်းဆိုသလိုပင် နှစ် သိမ့်လိုသောအမူအရာကို ကောက်တပ်၍ စိုးရိမ်နေဟန် ဖြင့် မေးသည်။

"လက်ထောက်ချန်ဆီကနေ ကုမ္ပဏီကို မလာတာ အတော်ကြာပြီလို့ကြားလို့.. တစ်ခုခုဖြစ်လို့လား? တစ် နေရာရာကများ နေထိုင်မကောင်းဖြစ်နေလို့လားဟင်?"

"မဖြစ်ဘူး"

ချန်ရှုံ့ချီသည် ဂရုမစိုက်ဟန်ဖြင့် ပြော၏။

"မင်း ဘာဖြစ်လို့ ဒီကိုလာတာလဲ?"

အန်ယွီထုန် ဒီဗီလာအကြောင်းကို သိနေစရာ အကြောင်းမရှိ။ ဘယ်သတ္တဝါကများ သူမကို ပြောလိုက် တာလဲ?

အန်ယွီထုန်သည် သူ၏ဂရုမထားမှုကို ခံစားလိုက်မိ သည်။ နှုတ်ခမ်းတို့ကို စုဝိုင်းထားကာ ပြန်ပြော၏။

"ငါ လက်ထောက်ချန်ကိုမေးခဲ့တာ.. ငါနားပူတဲ့ ဒဏ် ကို မခံနိုင်တော့တာနဲ့ ပြောလိုက်ရရှာတာပါ"

ချန်ရှုံ့ချီသည် သိရှိကြောင်း အွန်းဟု ပြောခဲ့ပေမယ့် မျက်ဝန်းတို့ထဲမှာတော့ အေးစက်မှုတို့ ရိပ်ခနဲဖြတ်ပြေး သွားခဲ့သည်။ ပြီးရင်တော့ အနှီလက်ထောက်ချန်ကို အာဖရိကမှာ မိုင်းတူးဖို့သွားခိုင်းမယ်။ နောင်ဘယ်တော့ မှ ပြန်မလာခိုင်းဘူး!

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now