Unicode
အခန်း(၂၀၀)ကွာရှင်းစာချုပ်-၂
ချန်ရှုံချီ အထဲဝင်လာသောအခါ စုယာယာသည် မသိစိတ်အရ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။ ထိုကဲ့သို့ ပြုမူခဲ့ပြီးသည်နှင့် ဒီနည်းဟာ အဆင်ပြေမည်မဟုတ် ဆိုတာကို ရိပ်မိလိုက်သည်။ ထို့ကြောင့် သူမကိုယ်သူမ မတ်မတ်ရပ်ဖို့ တွန်းအားပေးလိုက်၏။ ဒါပေမယ့် သူမ ချန်ရှုံချီကိုတော့ တည့်တည့်မကြည့်ရဲပါ။ ခေါင်းကို အောက်ကို ငုံ့ထားမိ၏။
"မင်း ဘာလုပ်နေတာလဲ?"
ချန်ရှုံချီက သူမအနားသို့ လျှောက်လာပြီး အကြည့် တို့ကတော့ ခရီးဆောင်အိတ်ပေါ် ကျရောက်နေ၏။
စုယာယာသည် နှုတ်ဆိတ်နေကာ သူ့မေးခွန်းကို ပြန်မဖြေပေ။ထို့အစား
"ယာယာ ကွာရှင်းစာချုပ်ထဲမှာ လက်မှတ်ထိုးပြီး သွားပြီ.. အပေါ်ထပ်က အိပ်ခန်းအံဆွဲထဲမှာ ထားခဲ့တယ် .. အကုန်မှန်မမှန် စစ်ကြည့်ပြီးရင် လက်မှတ်ထိုးလိုက် ပါ"
ချန်ရှုံ့ချီဟာ အသက်ကို ရှူသွင်းလိုက်ရင်း ဘေးမှာ ချထားသော လက်သီးဆုပ်ကို အားထည့်မိသည်။ အား ထည့်ထားသည်က များလွန်းသောကြောင့် လက်ဆစ် တွေပင် ဖြူဖျော့နေပေသည်။
ဒီမတိုင်ခင်က သူသည် ရွှီခိုင်, စုန်မင်နှင့် ကျောင်ချန် ကွမ်တို့ကို သောက်ဖို့လှမ်းခေါ်ခဲ့သည်။ တစ်ဝက်လောက် အရောက်မှာတော့ တစ်စုံတစ်ရာ ပျောက်ဆုံးသွားသည့် နှယ် သူ့နှလုံးသားမှာ လစ်လပ်နေမှုကို ခံစားလိုက်ရ၏။
ထို့နောက် တောင်ပေါ်မှာ စုယာယာအား သူချန် ထားခဲ့ရစ်ကြောင်း ပြန်မှတ်မိခဲ့သည်။ သူမကို စိတ်တိုတို နှင့်အော်လွှတ်ကာ ထွက်သွားစေခဲ့၏။ သူမလေးသည် ကြောက်လန့်နေပြီး ထွက်ပြေးသွားခဲ့သည်။
ထိုစဉ်က အလွန်အမင်း ဒေါသထွက်နေတာကြောင့် သူမကို ထားရစ်ခဲ့ပြီး ဒရိုက်ဘာအား တောင်အောက်သို့ မောင်းစေခဲ့သည်။ စုယာယာသည် သူနှင့်အတူ တောင် ပေါ်သို့ ပါလာခဲ့ခြင်းကိုတော့ သူမှတ်မိပါသည်။ သို့သော် သူ သူမအား ထိုနေရာမှာထားရစ်ခဲ့မိ၏။ အနှီရူးနှမ်းလှ တဲ့မိန်းမကတော့။ သူမ ဘယ်ဆီထွက်ပြေးသွားသလဲဆို တာ သူလည်း မသိပါလေ။ ညကြီးမင်းကြီး တောတောင် ကြီးထဲမှာ တစ်ယောက်တည်း အန္တာရာယ်ရော သိမှသိ ပါ့မလား။