Chapter 152 (U&Z)

1.1K 91 2
                                    

Unicode

အခန်း(၁၅၂)မတော်တဆ-၂

"မင်္ဂလာပါ အစ်မယန်"

စုယာယာက အပြုံးတစ်ပွင့်နှင့် ထိုသူ့ကို စကားဉီး ကြို နှုတ်ဆက်လိုက်သည်။

ထိုင်ခုံမှာ ထိုင်နေရင်း ချန်ယန်က မှန်ထဲမှတစ်ဆင့် ပြုံးပြလာပြီး

"စောစောက မင်းသရုပ်ဆောင်တာကို အစ်မမြင် လိုက်ရတယ်.. မဆိုးဘူး"

စုယာယာသည် ထောင်လွှားမှုမရှိသောအမူအရာမျိုး နှင့် အမြန်ပြန်ပြောလာသည်။

"ကျေးဇူးပါအစ်မယန်, ဒါပေမယ့် ညီမက အဲ့လောက် မတော်ပါဘူး..အစ်မနဲ့ဆို လုံးဝမယှဉ်နိုင်ပါဘူး အစ်မယန် , အစ်မဆီကနေ ညီမအများကြီးသင်ယူရဉီးမှာပါ... ညီမ ကို အကြံဉာဏ်တစ်ချို့ ညွှန်ပြပေးမယ်လို့ မျှော်လင့်ပါ တယ်ရှင့်"

သူမသည် အမှန်တရားကို ပြောနေခြင်းဖြစ်သည်။ သူမ အရင်က ချန်ယန်နှင့် ရွှီချုံခွင့်တို့၏ရိုက်ကွင်းကို မြင် ဖူးသည်။ ချန်ယန်၏သရုပ်ဆောင်စွမ်းရည်ဟာ ရွှီချုံခွင့် ရဲ့အထက်မှာရှိနေပြီး ထိုသူသည် ခိုင်မာသောနောက်ခံ သင်ကြားရေး အနေအထားရှိခဲ့သူဖြစ်၏။ သူမလိုလူဆို ရင်တော့ ပြောမနေနဲ့တော့။ သူမက အထုံပါရမီပါတယ် လို့ လူတိုင်းက ပြောပင်ပြောသော်ငြားလည်း တကယ့် သရုပ်ဆောင်နိုင်စွမ်းရှိဖို့ဆိုရင် သွားရမည့်လမ်းအရှည် ကြီးကျန်သေးတယ်ဆိုတာကို သူမ ကောင်းကောင်းကြီး သိပါသည်။ သူမသာ ဆက်လက်သင်ယူနေမယ်ဆိုရင် ပိုကောင်းကောင်းလုပ်နိုင်လာမယ်လို့ မျှော်လင့်ပါတယ်။

ချန်ယန်သည် မိတ်ကပ်ပြင်ပြီးသွားခဲ့ပြီ။ သူမက စုယာယာထံ ခေါင်းတစ်ချက်ငြိမ့်ပြကာ ထွက်သွားဖို့ရန် ပြင်သည်။

"အစ်မ သွားတော့မယ်နော်"

ဒါသူမ ပြောခဲ့တာအကုန်ပဲ။ စုယာယာပြောခဲ့သော သူမဆီက သင်ယူမည်ဆိုသည့်အကြောင်းနှင့် ပတ်သတ် လို့ သူမက ဘာမှပြောမသွားခဲ့ချေ။

စုယာယာသည် ထွက်သွားပြီဖြစ်သော သူမ၏ နောက်ကျောကို ကြည့်နေခဲ့ပေမယ့် ထိုအမျိုးသမီး၏ အပြုအမူကိုတော့ စိတ်ထဲမထားခဲ့‌ချေ။ သူမဖာသာ ထိုင်ခုံတစ်နေရာရှာပြီး မိတ်ကပ်ပြင်ဆရာက သူမကို လာ ပြင်ပေးခဲ့သည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now