Chp 296-300

1.1K 73 2
                                    

အခန်း(၂၉၆)မီးဖွားခြင်း-၁

မိသားစုဝင်တွေ၏ စောင့်ရှောက်ပေးမှုအောက်မှာ စု ယာယာ၏ခန္ဓာကိုယ်သည် နေ့စဉ်နှင့်အမျှ ပိုကောင်းမွန် လာခဲ့သည်။ ဗိုက်ကလည်း တစ်နေ့တစ်ခြား ပိုပိုကြီး လာခဲ့၏။ ချန်ရှုံ့ချီသည် အပတ်တိုင်း သူမနှင့်အတူ check-up လုပ်ဖို့ကို အဖော်လိုက်ပေး၏။ check-up လုပ်ရမည့်အချိန်တိုင်း ချန်ရှုံ့ချီက စုယာယာထက်ပင် ပိုလို့တောင် နိုးကြားတက်ကြွနေတတ်သည်။

ဆေးရုံရောက်ပြီဆိုလည်း ဟိုဟိုဒီဒီပြေးလွှားရသူ, ပိုက်ဆံရှင်းဖို့ တန်းစီရသူ, ဆေးစစ်ချက်အဖြေတိုင်းကို လိုက်စုရသူကတော့ အမောင်ချန်ရှုံ့ချီပါပဲ။ နောက်ပြီး လျှင်တော့ စုယာယာနဲ့အတူ ဆရာဝန်၏ညွှန်ကြားချက် များကို လိုက်ပါနားဆင်ပါလိမ့်မည်။ အိမ်ပြန်ရောက်ရင် တော့ ဆရာဝန်ရဲ့အကြံပေးချက်များကို တသွေမသိမ်း လုပ်ပါတော့သည်။ သူက စုယာယာထက်ပင် ပို၍ပင် သတိရှိသေး၏။

စုယာယာကို ကိုယ်ဝန်ဆောင်အတန်းတွေအတွက် စာရင်းသွင်းပေးပြီး ချန်ရှုံ့ချီက အမြဲတမ်းအတူတူ လိုက် တက်၏။ စုယာယာကို ထိုသို့ပင်ပင်ပန်းပန်း အပေါ် တက်လိုက်, အောက်ဆင်းလိုက်နှင့် မလုပ်စေချင်တာ ကြောင့် အိမ်မှာပဲ ဆရာမခေါ်သင်ဖို့စီစဉ်ပေး၏။ အိမ်မှာ တစ်ယောက်တည်း သင်ရရင် အဆင်ပြေမှာမဟုတ် ကြောင်း၊ အတန်းသွားတက်မယ်ဆိုရင် အခြားကိုယ်ဝန် ဆောင်မိခင်တွေနဲ့ သူတို့ရဲ့အတွေ့အကြုံတွေကို ပြောဆို လို့ရကာ ပိုလို့အဆင်ပြေကြောင်း စုယာယာက ပြောလို့ သာ။ အနည်းငယ်တွေးကြည့်ပြီးနောက်မှာတော့ ချန်ရှုံ့ချီ ဟာ သူမကို ခွင့်ပြုပေးခဲ့သည်။

အတန်းထဲတွင် ဆရာမက သင်ခန်းစာကို စပြီဆို တာနဲ့ ချန်ရှုံ့ချီက စုယာယာရဲ့ဘေးမှာ အမြဲရှိနေပေလိမ့် မည်။ ဆရာမ ပြောတာတွေကို ဂရုတစိုက်နားထောင်ပြီး တစ်ခါတစ်ရံဆို မှတ်စုစာရွက်နဲ့ပင် မှတ်သည်။ တစ်ခု တစ်လေ နားမလည်တာမျိုးရှိခဲ့လျှင် မေးခွန်းမေးဖို့ လက် ထောင်ပြီး ဆရာမအား နောက်တစ်ခေါက် ပြန်ပြောပေး ဖို့ရာ ယဉ်ကျေးစွာ တောင်းဆိုပေလိမ့်မည်။

အခြားသောကိုယ်ဝန်ဆောင်မိခင်များကလည်း ချန် ရှုံ့ချီဟာ ရုပ်ချောတယ်, ကြင်နာတတ်တယ်, စုယာယာ ကိုလည်း ကောင်းကောင်းဆက်ဆံတယ်ဆိုတာကို သတိ ပြုမိကြတာပေါ့။ သူသည် စုယာယာနှင့်အတူ အမြဲတမ်း အတန်းထဲသို့ အဖော်လိုက်ပေးပြီး မိခင်ဖြစ်သူ,စုယာယ ထက်ပင် အတန်းထဲမှာ ပိုမိုအာရုံစိုက်၏။ သူတို့အားလုံး ကျိန်းသေ မနာလိုအားကျ ဖြစ်ကုန်ကြတော့တာပေါ့။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now