Chapter 169+170+171(Unicode)

1.2K 80 2
                                    

အခန်း(၁၆၉)ဆူပူကြိမ်းမောင်းခြင်း-၁

အဖွဲ့သားတွေနှင့် သရုပ်ဆောင်သုံးဉီးတို့က နေရာ ပြန်ယူကြ၏။ စုယာယာက သူမပြောရမည့်စာကြောင်း ကို ပြောပြီးနောက် ချန်ယန်၏အလှည့်ဖြစ်လေသည်။ သို့သော် သူမကို စုယာယာက ပိတ်ကာထားဆဲ ဖြစ် သည်။ သူမက ဘေးတစ်ဖက်ကို ရွေ့လိုက်ပြီး စုယာယာ သူမရဲ့ကင်မရာရိုက်ချက်တွေမှ မကာထားနိုင်အောင် အကောင်းဆုံးလုပ်မည်ပေါ့။

သို့သော် သူမရွေ့လိုက်သည့်အခိုက် မြင်ကွင်းမှ လွတ်သွားမည်ဆိုတာကိုလည်း သတိပြုမိသည်။ စုယာ ယာက သူမရဲ့ကင်မရာမြင်ကွင်းကို ကောင်းကောင်းကြီး ပိတ်ထားနိုင်ခဲ့၏။ သူမမှာ လုံးဝ အခြားရွေးချယ်စရာရှိ မနေပေ။ သူမရဲ့နှလုံးသားထဲမှာ စုယာယာကို ဒေါသ ထွက်နေပြီး အလွန်မုန်းတီးနေသော်ငြား ထိုအမူအရာ တွေအား ခါတိုင်းလိုမဟုတ်ဘဲ ထုတ်ဖော်ရမည်။ သဘာဝ ကျစွာပင် ဇာတ်လမ်းဇာတ်ညွှန်းအရ သူမဖော်ထုတ်ပြသ ရမည့် 'မတရားခံနေရခြင်း'ဆိုသော အမူအရာမှ အနည်း ငယ်ကွဲထွက်သွားလေသည်။ ထိုအရာက ဒါရိုက်တာ ကျုံတုန်ကွမ် လိုလားသည့်အရာနှင့် လုံးလုံးလျားလျား ကွာခြားနေတော့သည်။

"Cut, Cut, Cut!"

ဒါရိုက်တာကျုံတုန်ကွမ်က ဒေါသတကြီးအော်၏။

"ချန်ယန်, မင်းဒီနေ့ဘာဖြစ်နေတာတုန်း? အမူအရာ ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးလား? ဇာတ်ညွှန်းကို ဘယ်လိုဖတ်ရမလဲဆိုတာ မသိဘူးလား? ဒီအခန်းမှာ မင်း က မတရားခံနေရသလိုမျိုး ဖြစ်နေရမယ်လေ... ခုတော့ မင်းလုပ်လိုက်တဲ့အမူအရာကို ကြည့်စမ်း.. စုယာယာကို ဆွဲကုပ်ပြီးသတ်ပစ်ဖို့ပြင်နေတာလား? အခု မင်းရဲ့အဆင့် အတန်းနဲ့ သူမကို သတ်နိုင်မယ်လို့ ထင်နေတာလား?"

ဒါရိုက်တာကျုံတုံကွမ်က ချန်ယန်ကို ဘာမျှမည်မည် ရရ မဟုတ်သည့်အရာအပေါ် အကြီးအကျယ် ဆူနေသံ ကို ကြားတော့ သူက ဗဟုသုတမရှိသော အသစ်လေး တစ်ယောက်ကို ဆူနေသလိုမျိုး စုယာယာ စိတ်ထဲမှာ ကြိတ်၍ပီတိဖြာနေမိသည်။ ဘယ်သူက ချန်ယန်ကိုမနေ့ က သူမရဲ့ကင်မရာမြင်ကွင်းကို ခိုးယူစေခဲ့လို့လဲ? ဒါက ချန်ယန်အတွက် သူမရဲ့လက်စားချေမှုပဲဖြစ်သည်။ ကျေးဇူးတင်စရာကောင်းစွာ မနေ့က ချန်ယန်၏အပြု အမူတွေကို သူမ သည်းခံခဲ့ပြီး ရိုက်ကူးရေးလုပ်နေစဉ် ဘာအမှားမှမလုပ်ခဲ့လို့ပေါ့။ ထို့ကြောင့်သာ ဒါရိုက်တာ ကျုံတုံကွမ်ဆီကနေ အဲ့လောက်ဆိုးဆိုးရွားရွားကြီး အဆူ မခံခဲ့ရတာ။ မဟုတ်ရင်တော့ ချန်ယန်တစ်ယောက် စိတ်ထဲမှာ ဘယ်လောက်တောင် ပျော်နေမလဲဆိုတာ ဘယ်သူသိမလဲ? အခုတော့ ချန်ယန်က ပေါ်လွင်နေချင် ခဲ့ပြီး ရလဒ်အနေနဲ့ ဒါရိုက်တာဆီမှ အဆူခံရတော့သည်။ သူမနဲ့ ထိုက်တန်တယ်!

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now