Chp 236-240(Unicode)

1.1K 84 0
                                    

အခန်း(၂၃၆) ကိုယ်က ဇီဇာမကြောင်ဘူး-၂

နောက်တစ်နေ့မနက်ခင်း စုယာယာတည်းခိုဆောင် သို့ရောက်လာသောအခါ ချန်ရှုံ့ချီသည် အိပ်ယာမထ သေး။ စုယာယာက မီးဖိုချောင်ဝင်၍ ပြောင်းဖူးယာဂု အနည်းငယ်ပြုတ်၍ စားဖိုမှူး လုပ်ပေးထားသော ဖက် ထုပ်တစ်ပွဲ ပြင်၍ အပေါ်ထပ်သို့ယူလာခဲ့သည်။ အခန်း ၂၀၈ ကို တံခါးခေါက်လိုက်၏။

ချန်ရှုံ့ချီသည် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေတုန်း အပြင်ဘက်မှ တံခါးခေါက်သံအား ကြားလိုက်၏။ ထို့ ကြောင့် အိပ်ယာထဲမှ ထလာပြီး တံခါးဖွင့်လိုက်သည်။ အပြင်ဘက်မှာ မနက်စာဗန်းကို ကိုင်ထား၍ မတ်တပ် ရပ်နေသောစုယာယာကို မြင်သောအခါ မနက်စာဗန်းကို အမြန်လွှဲယူ၍ စိုးရိပ်တကြီးပြောသည်။

"ဂရုစိုက်လေ.. မင်းက အသက်နှစ်ခုကို သယ်ထားရ တာ..ကိုယ့်ကိုခိုင်းပါတော့လား..ကိုယ့်ဖို့အစားအသောက် ယူလာပေးဖို့ မလိုပါဘူး"

စုယာယာသည် အခန်းထဲသို့ သူ့နောက်မှ လိုက်ဝင် လာခဲ့ပြီး သူပြောသည်များကို ကြားသောအခါ စိတ်ဆိုး ဆိုးနှင့် နှုတ်ခမ်းဆူထားပြီး ပြန်ပြောသည်။

"အို, ယာယာက ကို့အတွက် မနက်စာယူလာပေး တာလေ..အဲဒါကို ကိုကဆူတယ်ပေါ့.. ကိုက တကယ် တော့ ကလေးကိုပဲစိတ်ပူတာပါ.. ယာယာကိုမဟုတ်ဘူး ?.. ဟိုပြောစကားရှိတယ် မဟုတ်ဘူးလား? ယောက်ျား တစ်ယောက်ရဲ့နှလုံးသားကို ချည်နှောင်ချင်ရင် သူ့အစာ အိမ်ကို အရင်ဆုံး ကိုင်ထားရမယ်တဲ့.. ယာယာက ကို့ကို ချည်နှောင်ထားချင်ရုံပါ.. ဟွန့်!"

ချန်ရှုံ့ချီသည် သူကိုင်ထားသော မနက်စာဗန်းကို စားပွဲပေါ် တင်လိုက်ပြီးပြန်လှည့်လာကာ သူမအား ကူကယ်ရာမဲ့စွာ ကြည့်သည်။

"ကိုယ့်ရဲ့ဘိုးဘေးအသေးစားလေးရယ်, ကိုယ်က မင်းအတွက်ပဲကို.. ဘာဖြစ်လို့ ကိုယ့်နှလုံးသားကို ချည် နှောင်ဖို့လိုဉီးမှာလဲ? မင်းမှာ ကိုယ့်ခန္ဓာကိုယ်ရော နှလုံး သားရော ပိုင်ထားပြီးသား အိုကေ? အခြားသူတွေ အတွက် နေရာမရှိတော့ဘူး"

စကားချိုချိုတွေက ပျားသကာလောင်းထားသလို ပါပဲလား။ စုယာယာသည် သူမနှလုံးသားထဲမှာ တွေးနေ ၏။ သို့သော် သူမ၏မျက်နှာပေါ်မှာတော့ တစ်စက် ကလေးမှမမြင်ရ။ မပျော်မရွှင်ဖြစ်နေဆဲ။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now